images
UN
UN
လွဲလောကျေးရွာအမကကျောင်းပညာရေးစုံညီပွဲတော်ကျင်းပ မိုကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီတက်ရောက်ဆုချီးမြှင့်
ဝင်းအောင်(မိုးကောင်း) Wednesday, 08 January 2020
ကချင်ပြည်နယ် မိုးကောင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုင်းထွန်းလှနှင့် မြို့နယ်အရန် ပါတီကော်မတီဝင်စည်းရုံးရေးနယ် မြေ(၃)တွဲဖက်တာဝန်ခံ ဦးသန်းစိုး တို့သည် ယနေ့ နံနက် ၁ဝ နာရီက လွဲလောကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ကျင်းပသည့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်ပညာ ရေးစုံညီပွဲတော်သို့တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ် ပညာရေးမှူးဦးကျော်ကျော်မင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်တို့က အမှာစကားပြောကြား ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြိုး ငယ်စိုးက ကျောင်း၏ပညာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေး မှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ် ပါတီကော်မတီဝင်နှင့် တာဝန်ရှိ သူများက အတန်းအလိုက်ဆုရရှိ သည့်ကျောင်းသားကျောင်းသူများ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆု များချီးမြှင့်ခဲ့ကြသည်။