images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် မအူပင်တွင် ရပ်ကျေးပါတီဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဖြိုးမောင်ဇော်(မအူပင်) Wednesday, 08 January 2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဒေါက်တာသန်းအောင်သည် မအူ ပင်မြို့နယ် စစ်ချောင်းကျေးရွာ အုပ်စု စစ်ချောင်းကျေးရွာရှိ ပါတီ နာယက ဦးရာဇနေအိမ်တွင် ယနေ့ နံနက် ၁ဝနာရီ၌ ကျင်းပသော ရပ်ကျေးပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျေးရွာ ပါတီဆိုင်းဘုတ်အား ပါတီဗဟို ကော်မတီဝင်ဒေါက်တာသန်းအောင်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးသန်းထွန်းနှင့် ရပ် ကျေးပါတီနာယက ဦးရာဇတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ အမွှေး နံ့သာရည်များပက်ဖျန်းပေးခြင်း များ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အခြေ အနေများ၊ ပါတီ၏ လုပ်ငန်းစဉ်၊ မူဝါဒများအား ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင်ဒေါက်တာသန်းအောင်၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် မအူပင် ခရိုင် တာဝန်ခံဦးသန်းထွန်း၊ မအူ ပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ အတွင်းရေးမှူး ဦးရန်နိုင်၊ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ မြို့နယ်ပါတီကော်မတီဝင် မြို့မ တိုက်နယ် (၂)တာဝန်ခံ ဦးခင်မြင့် နှင့်ဦးတင်အောင်ရွှေ၊ မြို့နယ် ပါတီ ကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ စစ်ချောင်းကျေး ရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။