images
UN
UN
ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းဆောင်ရွက်မှုထောက်ပံ့လှူဒါန်း
အောင်မြတ်လင်း(ဝေါ) Wednesday, 08 January 2020
ဝေါမြို့နယ် ဝိုင်းပတ်ကျေးရွာ နှင့် ဒလနွမ်းကျေးရွာအုပ်စု အညာစု ကျေးရွာချင်းဆက် ကိုယ်ထူကိုယ် ထ ကွန်ကရစ်လမ်းတစ်မိုင်ခန့်၊ အကျယ်သုံးပေ ခြောက်လက်မ၊ ထုသုံးလက်မကွန်ကရစ်လမ်းကို လူထုအားတို့ဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေမှုအား ဝေါ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ပါတီကော်မတီဝင်ဦးသောင်း ထွန်း၊ ဒလနွမ်းကျေးရွာ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမြလွင်တို့ လိုက် ပါပြီး အညာစုကျေးရွာ ကွန်ကရစ် လမ်းဖြစ်မြောက်ရေး အကျိုးတော် ဆောင် ဦးသန်းလွင်၊ ဦးတင့်နိုင်၊ ဦးဝင်းကျော်ဦးတို့ထံသို့ ဘိလပ်မြေ ၃၃ အိတ်၊ တန်ဖိုးကျပ်သိန်း ၂ဝဖိုး ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒလနွမ်းကျေး ရွာအုပ်စု အညာစုကျေးရွာ ပြည် ခိုင်ဖြိုးပါတီကျေးရွာ တာဝန်ခံ ဦးတင့်နိုင်၏ နေအိမ်တွင်ကျေးရွာ ရပ်မိရပ်ဖများ၊ ပါတီဝင်ပြည်သူ များနှင့်ဒေသဖွံ့ဖြိုးရေး၊ ယနေ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ကိစ္စများကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်ယုက ဆွေးနွေးပြီး ပါတီ ဝင်များနှင့်ပြည်သူများ၏ မေးမြန်း ချက်များကိုအတွင်းရေးမှူးဦးသက် တိုးဝင်းက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။