images
UN
UN
ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပဋ္ဌာန်းတရားရွတ်ဖတ်ပူဇော်ကြသည့် သံဃာတော်အရှင်သူမြတ်တို့အားတစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်း
တင်စိုး(ပဲခူး) Wednesday, 08 January 2020
ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ် ကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့မြို့သစ်ရပ်ကွက် အုပ်စု ကျောက်တွင်းကုန်း သိပ္ပံကျောင်းတိုက်တွင် ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တ်ာမူကြသည့် သံဃာတော်အရှင်သူမြတ်များအား တစ်နေ့တာအတွက် ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ပဲခူးမြို့ မြို့သစ်(င)ရပ်ကွက် ကျောက်တွင်းကုန်း သိပ္ပံကျောင်းတိုက် တွင် ယမန်နေ့မှ ယခုလ ၉ ရက်အထိ သုံးရက်တိုင်တိုင် မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် ဘုရားအနေကဇာတင်ပွဲ ကျင်းပလျက်ရှိရာ ပဲခူးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ တစ်နေ့တာအရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့ကို တာဝန် ယူဆက်ကပ်လှူဒါန်းခြင်းအပြင် နဝကမ္မအလှူငွေများကိုလည်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။