images
UN
UN
ကွန်ဂိုတွင် ကမ္ဘာ့အဆိုးရွားဆုံးဝက်သက်ရောဂါကူးစက်မှုဖြစ်ပွားပြီး လူ ၆ဝဝဝ ကျော်သေဆုံး
KK(IR) Wednesday, 08 January 2020
ကွန်ဂိုနိုင်ငံတွင်ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးရ သူအရေအတွက်မှာ ၆ဝဝဝ ကျော် ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ်(WHO)ကအတည်ပြုထုတ်ပြန် လိုက်ကြောင်း သိရသည်။
အဆိုပါ ဝက်သက်ရောဂါကူး စက်မှုသည် ကမ္ဘာ့အကြီးမားဆုံး နှင့် အမြန်ဆန်ဆုံးဖြစ်ပွားမှုပင်ဖြစ် သည်ဟု WHO ကပြောကြားလိုက် ကြောင်း သိရသည်။ ၂ဝ၁၉ ခုနှစ် အစပိုင်းကတည်းက စတင်ကာ ဝက်သက်ရောဂါကူးစက်ခံစားနေရ သူ ၃၁ဝဝဝဝ ခန့်ရှိသည်ဟု သိရ သည်။ ပြီးခဲ့သည့်စက်တင်ဘာလ ကတည်းကWHOနှင့်ကွန်ဂိုအစိုးရ တို့က အရေးပေါ်ကာကွယ်ဆေး ထိုးနှံသည့် အစီအစဉ်ကို စတင် ဆောင်ရွက်ခဲ့ကြသည်။၂ဝ၁၉ခုနှစ် တွင် နိုင်ငံတစ်ဝန်းရှိ အသက်ငါး နှစ်အောက်ကလေးငယ် ၁၈သန်း ကျော်ကို ကာကွယ်ဆေးများထိုးပေး ခဲ့ကြသည်ဟုWHO ကပြောကြား ထားသည်။ သို့သော်လည်းအခြေခံ အဆောက်အအုံများ ရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ များတိုက်ခိုက်ခံရမှုများနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုပုံမှန်လုပ်ငန်းများ ရရှိနိုင်မှုမရှိခြင်းတို့က ဝက်သက် ရောဂါပြန့်ပွားမှုတားဆီးရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို တား ဆီးနှောင့်ယှက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇွန်လ တွင်ဝက်သက်ရောဂါစတင်ဖြစ်ပွား ကြောင်းကြေညာခဲ့စဉ်ကတည်းက နိုင်ငံ၏ ပြည်နယ် ၂၆ ပြည်နယ်ရှိ ဒေသခံတိုင်း ဝက်သက်ရောဂါကူး စက်ခံခဲ့ရသည်ဟု သိရသည်။
ကွန်ဂိုတွင် ဝက်သက်ရောဂါ ကြောင့်သေဆုံးသူဦးရေသည် အီဘို လာရောဂါကြောင့် သေဆုံးသူဦး ရေထက် နှစ်ဆပိုမိုများပြားသည် ဟု သိရသည်။ Ref: BBC News