images
UN
UN
မီးသတ်ရေကန်ဝန်းကျင်ရှိ ကျူးကျော်နေမှုများ ရှင်းပေးစေလို
ဈေးသူ/ဈေးသားများ Wednesday, 08 January 2020

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ မြို့မ(၅)ရပ် ကွက်၁၁လမ်းအောင်သာယာဈေး မီးဘေးအန္တရာယ်ကင်းဝေးစေရေး အတွက် ဈေးမီးသတ်ရေကန်အား ဈေးသူ ဈေးသားများက စုပေါင်း လှူဒါန်းငွေကျပ် ၂၈ သိန်းကျော် ဖြင့် မီးသတ်ရေကန်တည်ဆောက် ထားသော်လည်း မီးသတ်ရေကန် နှင့်ကပ်လျက်ရှိသောကုန်မျိုးစုံဆိုင် က ရေကန်ပေါ်နှင့် ရေကန်ပတ် လည်တို့တွင် ကျူးကျော်၍ ကုန် ပစ္စည်းများတင်၍ရောင်းချနေခြင်း တို့အပြင် မီးသတ်ရေကန်အပေါ် ကာရံ အဆောက်အအုံများပါပျက် စီးနေပါသည်။
သို့ပါ၍ အရေးပေါ်မီးဘေး အန္တရာယ်ဖြစ်ပေါ်လာပါက မီး သတ်ရေ ရယူရန် အခက်အခဲရှိနေ ပါသောကြောင့် မီးသတ်ရေကန် ပတ်ဝန်းကျင်ကုန်ပစ္စည်းတင်ရောင်း ချ မှုမရှိစေရေး သက်ဆိုင်ရာတို့မှ ထိရောက်ရှင်းလင်းဖယ်ရှားအရေး ယူဆောင်ရွက်ပေးပါရန် အောင် သာယာဈေးသူဈေးသားများက လိုလားနေကြပါသည်။