images
UN
UN
ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲဆုပေးပွဲကျင်းပ
ရိုးဆန်း Wednesday, 08 January 2020
မန္တလေးတိုင်းဒေသကြီးပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇၂)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညပိုင်းက ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မိုးကြိုး(၁)အသင်းကို မြို့နယ်ပြည် ခိုင်ဖြိုးပါတီကော်မတီဝင် လူငယ် တာဝန်ခံ ဦးအောင်ကျော်မျိုးမင်းက လည်းကောင်း၊ ပထမဆုရရှိသော မိုးကြိုး(၂)အသင်းကို မန္တလေးခရိုင် ပါတီကော်မတီဝင်ဦးထွန်းထွန်းက လည်းကောင်း အသီးသီးဆုငွေများ ပေးအပ်ခဲ့ပြီး ပထမဒိုင်းဆုကို မြို့ နယ်ပါတီ အတွင်းရေးမှူး ဦးကိုကို လွင်ကချီးမြှင့်ခဲ့ကြောင်းသိရသည်။
ယင်းပြိုင်ပွဲကို မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဆွေသန်းနှင့် ကော်မတီဝင်များ၊ လူငယ်ပါတီဝင် များ တက်ရောက်အားပေးခဲ့ပြီး ယခုလ ၁ ရက်မှ စတင်ကျင်းပခဲ့ ကာ အသင်း ၁၂ သင်း ပါဝင်ယှဉ် ပြိုင်ခဲ့ကြောင်း သိရသည်။