images
UN
UN
ကင်ဆာရောဂါဝေဒနာကြောင့် စိတ်ဓာတ်တွေ ကျဆင်းခဲ့ရသူ အဆိုတော် မီးမီးခဲ
ဒဂုံဝေလင်း Wednesday, 08 January 2020
အဆိုတော်ကြီး စောဘွဲ့မှူး၏ သမီးငယ်မီးမီးခဲတစ်ယောက်ပြည်ပ နိုင်ငံတွင်နေထိုင်ရင်းအိမ်ထောင်ကျ ကာ သားသမီးနှစ်ဦးထွန်းကားခဲ့ ကြောင်းသိရပြီး၊ ဂီတအလုပ်တွေ နှင့် ကင်းကွာနေရာမှ ယခုဆိုလျှင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ လာပြီးတစ်ကိုယ်တော်ဖျော်ဖြေပွဲပြု လုပ်သွားမည်ဟုသိရသည်။ ယင်း အနေဖြင့် ဂီတအလုပ်တွေကို ပြန် လုပ်ရန်ရည်ရွယ်ချက်များရှိနေသော် လည်း ကင်ဆာရောဂါခံစားနေရ သောကြောင့် တစ်ကိုယ်တော် ဖျော် ဖြေပွဲပြီးလျှင် ထပ်မံအနားယူသွား မည်ဟုသိရသည်။
''ကိုယ်ကဂီတသမားဆိုတော့ သီချင်းတွေ လုပ်ချင်တာအရမ်းပါ ပဲ၊ဒါပေမဲ့ ကိုယ်ကကင်ဆာရောဂါ ဖြစ်နေတော့ စိတ်သွားတိုင်းကိုယ် မပါဘူးဖြစ်ခဲ့တယ်။ ဒါပေမဲ့ဒီပွဲ ပြီးမှ ဖြစ်ချင်တာဖြစ်ပါစေဆိုတဲ့ စိတ်နဲ့လုပ်တာပါ၊ ကိုယ်ကရောဂါ သည်တစ်ယောက်ဖြစ်နေတော့ ဖျော်ဖြေတဲ့အခါ အားနည်းချက် လေးတွေရှိကောင်းရှိနိုင်ပါတယ်။ အထူးသဖြင့် အစ်မကို ချစ်နေတဲ့ ပရိသတ်ကြီးကပိုပြီးနားလည်ပေး နိုင်မယ်လို့ထင်ပါတယ်။ ၂ဝ၁၇ ခုနှစ်ခုကစပြီး ရောဂါစဖြစ်တာ ပေါ့နော်၊ဒီဇင်ဘာလလောက်က စ တာပါ၊အခုဆိုနှစ်နှစ်ကျော်လောက် ရှိပြီ ဆေးကုသမူကတော့ဟိုမှာ လုပ်ဆောင်ရတာပေါ့နော်၊ ကင်ဆာ ကိုအစ်မနောက်ဆုံး အဆင့်အထိ ရောက်ခဲ့တာပါ၊သားလေးကလည်း အဲဒီတုန်းက ငါးနှစ်သားဆိုတော့ အစ်မအတွက် စိတ်ဓာတ်တွေ အများကြီးကျခဲ့ရတယ်။အမျိုးသား ကလည်းအရမ်းကို လင်ဝတ္တရား ကျေပွန်တဲ့သူပါပဲ၊ ဆေးရုံတက်နေ တဲ့ တစ်လျှောက် အနီးကပ်စောင့် ရှောက်ပေးတယ်၊ ဟိုမှာကကင်ဆာ ရောဂါဖြစ်တဲ့သူဆိုခေါင်းတုံးတုံး ရတယ်လေ အိမ်မှာရှိတဲ့သူတွေပါ လိုက်ပြီး ကတုံးတုံးကြရတယ်။ လူနာအားမငယ်ရအောင်ပေါ့နော်၊ အခုတော့ ဆေးကုသရင်းနဲ့ ကိုယ် လုပ်ချင်တဲ့ ဂီတကိုပရိသတ်နဲ့ အနီး ကပ်တွေ့ဆုံရပါတော့မယ်။ဝေဒနာ ဖြစ်နေတုန်းကလည်းအမျိုးသားက ရော၊ သူငယ်ချင်းတွေကရော ပျော် အောင်သီချင်းတွေဆိုကြပွဲတွေကို ခေါ်သွားတာတွေရှိတယ်၊ သူတို့ ကြောင့်သာ အစ်မအခုလို စိတ်တွေ ပြန်လည်ခိုင်မာပြီး ကျန်းမာလာ တာပါ'' ဟု ပြောသည်။
ဂီတသက်တမ်းနှစ်၂ဝကျော်ရှိ ပြီဖြစ်သည့် အဆိုတော်မီးမီးခဲအနေ ဖြင့် မြန်မာပြည်ကိုပြန်လည်ရောက် ရှိလာပြီးသူချစ်သည့်ဂီတပရိသတ် တွေကို အနုပညာသက်တမ်းနှစ် ၂ဝ ပြည့်အနေဖြင့် အဆိုတော် မီးမီးခဲ၏ Back to You First Solo တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဇန်န ဝါရီ၁၁ရက် ည ၇နာရီတွင် ရန်ကုန် မြို့ ပြည်လမ်းရှိTaw Win Garden Hotel ၌ ကျင်းပသွားမည်ဖြစ် ကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ ကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ကျင်းပသည်။အဆိုပါ ဖျော်ဖြေပွဲတွင် မီးမီးခဲတစ်ကိုယ် တော်အနေဖြင့်သီချင်း (၂၆)ပုဒ်၊Featuring အနေဖြင့် နှစ်ပုဒ်၊ သမီး ဖြစ်သူဖြူဖြူစင်စင်လင်းအပြင်လာ ဒင်ထားရီ၊နော်မာသထူးဝါးသသည့် တို့က ပါဝင်အားဖြည့် သီဆိုကြ မည်ဖြစ်သည်။ ၄င်းဖျော်ဖြေပွဲ လက်မှတ်များကို ကျပ်ငါးသောင်း၊ ကျပ်သုံးသောင်းနှင့်ကျပ်နှစ်သောင်း သတ်မှတ်ထားပြီး မန်းသီရိတေးသံ သွင်းM2M DVD Show? Myan Pwel online စသည်တို့တွင် ဝယ် ယူနိုင်ကြောင်း သိရသည်။