images
UN
UN
ပေါ်တူဂီနိုင်ငံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ရိုက်ကူး
သွန်းလေး Wednesday, 08 January 2020
ပေါ်တူဂီနိုင်ငံအခြေစိုက်Vende-se Films မှ မှတ်တမ်း ရုပ် ရှင်ရိုက်ကူးရေးအဖွဲ့သည် ရန်ကုန်မြို့ရှိအထင်ကရနေရာများ၊ ရှေး ဟောင်းအမွေအနှစ်အဆောက်အအုံများ၊ ရိုးရာယဉ်ကျေးမှုများကို ဇန်နဝါရီ ၄ ရက်မှ ၆ ရက်ထိ ရိုက်ကူးခဲ့သည်။
အဆိုပါရိုက်ကူးရေးအဖွဲ့သည် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွဲကြပုံ၊ ရန်ကုန်-ဒလဆိပ်ကမ်းနှင့် ရန်ကုန်မြစ်အတွင်း သင်္ဘောများသွားလာ နေပုံ၊ ပန်းဆိုးတန်းလမ်းနှင့်အနီး တစ်ဝိုက်ရှိကိုလိုနီခေတ်အဆောက် အအုံများ၊ရန်ကုန်ဘူတာကြီးတွင် ပြည်သူများသွားလာနေပုံနှင့် မီးရထားလမ်းတစ်လျှောက်မြင်ကွင်းများ၊ ရွှေတိဂုံစေတီတော်တွင် ပြည်သူများ ဘုရားဖူးလာရောက်ကြပုံ၊ ကရဝိက်နန်းတော်နှင့် ယင်း တွင် မြန်မာ့ရိုးရာဆင်အကနှင့် ရုပ်သေးအနုပညာရှင်ဦးထွေးဦး၏ ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်နေပုံကို ရိုက်ကူးခဲ့သည်။ထိုသို့ရိုက်ကူးထားမှုများကိုThe journeyမှတ်တမ်းရုပ်ရှင် အဖြစ် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။