images
UN
UN
အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်ရင်း ချစ်သူသက်တမ်း ၁၁နှစ်ကျော်သွားပြီဟု ဆိုလာသည့် ထက်ထက်(Bobby Soxer)
အလင်း Wednesday, 08 January 2020

လူငယ်ဂီတလောကထဲတွင် ပရိသတ်လက်ခံအားပေးမှုများစွာ ရရှိထားသော လွှမ်းပိုင်နှင့် ထက် ထက်(Bobby Soxer)တို့ အနေ ဖြင့်ချစ်သူသက်တမ်း ၁၁နှစ်ထဲ ရောက်ရှိနေပြီးဟုသိရသည်။ ယင်း တို့ချစ်သူနှစ်ဦးအနေဖြင့် ဘယ်လို relationship နှင့်၁၁နှစ်တာကာလ ကိုဖြတ်ကျော်လာခဲ့လည်းဆိုသည် ကိုထက်ထက်(Bobby Soxer)က အခုလိုပြောပြလာခဲ့သည်။
''သူနဲ့ ၁ဝနှစ်ကဘယ်လိုပြည့် သွားမှန်းတောင်မသိဘူး။ အမြဲအတူ တူရှိနေတာများတော့လေ ၁ဝနှစ် ဆိုတာ သီးသီးသန့်သန့်ကြီးမခံစား ရပါဘူး။သူကRo လားဆိုတော့ တဲTypeကိုကြိုက်ရင်Ro တဲ့ သူကိုရွေးမှာပေါ့နော်။ထက်ကိုယ် တိုင်ကလည်ျးွသ တာမကြိုက်ဘူး၊ သူ့ကိုလည်းပြောထားတယ်။ ပန်း စည်းတောင်ခဏခဏမပေးနဲ့လို့ ရိုး သွားမှာစိုးလို့လေ။နေ့တိုင်းပေးရင် မအံ့သြဘဲနေမယ်လို့။ သူကချစ် တာကိုထုတ်မပြတတ်ဘူး။ ဒါပေမဲ့ လိုအပ်တဲ့ အရာလေးတွေဆိုရင် အစ်ကိုလို၊အဖေလိုရှိပေးတယ်။ သူ ကအားကိုးရပါတယ်။သူကတီတီ တာတာ မပြောပေမယ့် ထက်ရဲ့ရှေ့ မှာ အခက်အခဲတွေရှိတိုင်း၊ လိုအပ် တဲ့အချိန်တိုင်းတာဝန်ယူပြီး အရှေ့ မှာနေပေးတဲ့ ယောက်ျားလေးမျိုး ပေါ့နော် အားကိုးရတဲ့ ယောက်ျား လေးပေါ့။ သူကလေထက်အတွက် ရွေးလိုက်တာမှန်တယ်လေGood Choice အဲဒီလိုမျိုးပေါ့နော်။ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးက သည်းခံပေးရတဲ့ အရာမျိုးတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ သူက ကိုယ့်ပတ်ဝန်းကျင် မှာမြင်နေရတဲ့ ကိုယ့်ယောက်ျား လေး သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ယှဉ်လို့ရှိရင် ဘာမှမပြောပလောက်ပါဘူး။အရင် တုန်းကဆို ဘယ်လိုပြောမလဲ စာ မေးပွဲဖြေတုန်းကဆို လာစောင့်နေ တယ်။ စာမေးပွဲပြီးတဲ့အချိန်အထိ ထက်ကလည်းသုံးနာရီပြည့်အောင် မဖြေဘူး။ ထွက်ထွက်တွေ့တာ အဲဒီအချိန်လေးပဲ လွတ်တာကို ၁၆ နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုကတည်း က ရည်းစားဖြစ်တာပေါ့နော်။ စိတ်ပူတဲ့အခါတော့ အိမ်ကတော့ ပွားတာပေါ့နော်။ မရဘူး၊ လစ်ရင် လစ်သလို တွေ့တာပဲ။
ဂီတအနုပညာကတော့ ထက် ကလောလောဆယ်က ဒီတလော လုပ်ထားပြီးသားကတော့X boxနဲ့ သီချင်းတစ်ပုဒ်ပါ ဌ ဘသထ ရဲ့စီစဉ်မှု နဲ့ ဟိုးအရင် ၁ဝနှစ် လောက်တုန်း ကထက်ရဲ့ သီချင်းဟောင်းလေး ကို Remix လုပ်ထားတာရှိမယ်။ နောက်ထပ်လည်း ကြိုးစားနေပါ တယ်။ ဘာဘဲပြောပြော ကိုယ်ဒီ လောက် သီချင်းအထွက်ကျဲတာ တောင်မှပဲ မမေ့မပျောက်နဲ ကိုယ့် ကိုလာပြောပြီး တွန်းအားပေးနဲ့ကြ တာဒီနေ့အထိ လုပ်စေချင်နေကြသူ တွေအတွက် ကြိုးစားနေပါတယ်။ ပရိသတ်ကြီး ၂ဝ၂ဝ မှာ အစစအရာ ရာအစဉ်ပြေပြီး ပျော်ရွှင်တဲ့နှစ်တစ် ခုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်''ဟုပြောသည်။