images
UN
UN
အစဉ်အလာမပျက် ဆက်လက်ချီတက်လျက်ရှိသော မြန်မာနိုင်ငံစာရေးဆရာအသင်း
မြင်းခြံကျော်အောင် Wednesday, 08 January 2020
၂ဝ၁၉ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့ နံနက် ၆ နာရီခွဲတွင် မိတ်ဆွေများဖြစ် ကြသော ဆရာကြီး ဦးညီညီ၊ ဆရာကြီး ကိုကြီးဆွေ၊ ဆရာကြီး မှူးကျော်ပန်းတနော် တို့နှင့်အတူ ဆရာကြီး ကိုကြီးဆွေ၏ အိမ်စီးကားဖြင့် စာရေးသူသည် ရန်ကုန် မြို့ မြို့တော်ဝန်ရုံးသို့ ရွှေပြည်သာမှ လာခဲ့သည်။ ကိုကြီးဆွေနှင့် မှူးကျော် ပန်းတနော်တို့မှာ ယခုနှစ်မှစပြီး ကန်တော့ ခြံ<ွကကြရသည်ဖြစ်ရာ တက်ြ<ွကရွှင်လန်း လျက်ရှိကြသည်။ ကန်တော့ခံသွားရ သည့်အကြောင်းမှာ မြန်မာနိုင်ငံစာရေး ဆရာအသင်း၏ လေးစားစွာဖိတ်ကြား ချက်အရ သက်ကြီးစာပေပညာရှင်ကြီး များကန်တော့ပွဲသို့ တက်ရောက်ရန်ဖြစ် သည်။ မြို့တော်ဝန်ရုံးရောက်သောအခါ နံနက် ၈နာရီ ၁ဝမိနစ်ရှိနေပြီ၊ မိမိတို့ထက် စောရောက်သော စာရေးဆရာကြီးများ ဆရာမကြီးများ မုန်ဟင်းခါးစားနေကြပြီ။ မိတ်ဆွေဟောင်းများနဲ့တွေ့ပြီး စကား ဖောင်ဖွဲ့သူများကဖောင်ဖွဲ့၊ ဓာတ်ပုံရိုက် သူများက ဓာတ်ပုံရိုက်နေကြပြီ။ အများ နည်းတူ စာရေးသူတို့အဖွဲ့လည်း မုန့်ဟင်း ခါးစားဖြစ်သည်။ အရသာရှိလှပါသည်။
ထို့နောက် စာရေးသူတို့အဖွဲ့ မြို့တော် ဝန်ရုံးပထမထပ်သို့ တက်သွားကြသည်။ ဧည့်ကြိုသမီးငယ်များမှ နာမည်မေးပြီး ထိုင်ခုံနေရာ အရောက်လိုက်ပို့ကြသည်။ အချို့စာရေးဆရာကြီးများမှာ ကျန်းမာရေး များစွာ မကောင်းကြတော့ပေ။ အခမ်း အနားတက်ချင်လွန်းလှသဖြင့် မြေးများ က လိုက်ပို့ရသောအခြေအနေ ခုံတန်း ပေါင်း ၁ဝ ထိရှိသည်။
၂၈-၁၂-၂ဝ၁၉ရက်နေ့တွင် အသင်း မှကန်တော့သည့် သက်ကြီးစာပေပညာ ရှင်များမှာ တစ်ပြည်လုံး ၂၇၆ဦးရှိသည်။ ယမန်နှစ်က ၂၄၁ဦး ကန်တော့ခဲ့သည်။ အခမ်းအနားမစတင်မီ ရောက်လာသော စာပေပညာရှင်များအား စနစ်တကျ အမည်ခုံအမှတ်ဖြင့် နေရာချထားပေး သည်။ ထိုင်ခုံတိုင်းတွင် ကန်တော့မည့် ပစ္စည်းထုပ် အသင့်ထားရှိသည်။ စာအုပ် များ၊ ပြက္ခဒိန်နှင့် ဆေးဝါးများဖြစ်ကြ သည်။ စာရေးသူတို့ နေရာယူပြီးနောက် သမီးငယ်များက အသင်းမှ ကန်တော့ သည့် ကျပ်တစ်သိန်းငါးသောင်းပါ ငွေ ထုပ်ငယ်များအား လိုက်လံပေးသည်။ လက်မှတ်ရေးထိုးပေးရသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်၏ကန်တော့ပစ္စည်း ဖြစ်သော ပုဆိုးနှင့် အင်္ကျီကို တပ်မတော် မှတပ်ဖွဲ့ဝင်အရာရှိများမှ လိုက်လံပေးအပ် သည်။ အမျိုးသမီးစာရေးဆရာမကြီးများ အား ထဘီနှင့်အင်္ကျီဖြစ်မည်ထင်ပါသည်။ ပစ္စည်းများလက်ခံရရှိပြီးနောက် ဧည့်ခံ သမီးငယ်များက မုန့်တစ်ခုစီနှင့်မိုင်လိုတစ် ခွက်စီ လိုက်လံတိုက်ကျွေး၍ စားရသေး သည်။
ကြိုတင်ပြင်ဆင်မှု


မြန်မာနိုင်ငံစာရေးဆရာအသင်းသည် အထက်ဖော်ပြပါအခမ်းအနားဖြစ်မြောက် ရေးအတွက် လပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့ရပါသည်။ အသင်း၏ကြိုတင် ဆောင်ရွက်မှုမပြောမီ အသင်းအမှုဆောင် များဖြင့် မိတ်ဆက်ပေးလိုပါသည်။ အ သင်းတွင် ဗဟိုကော်မတီဝင်စုစုပေါင်း ၂၄ ဦးရှိသည်။
အသင်းအနေဖြင့် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲဖြစ်မြောက် ရေးအတွက် တစ်ပြည်လုံးရှိ မြို့နယ်စာ ရေးဆရာများအသင်းများထံမှ အသက် ၈ဝ နှစ်နှင့်အထက် ကန်တော့ခံယူသင့် သည့် ပညာရှင်စာရင်းများကို နှစ်စဉ် သြဂုတ်လအတွင်း ရရှိစေရန် တောင်းခံ ခြင်း၊ အမည်စာရင်းစုံလင်စွာရရှိလာသော အခါ ကန်တော့ခံယူထိုက်သူစာရင်းအား အမှုဆောင်အစည်းအဝေးဖြင့် အတည်ပြု ခြင်းအား ပြုလုပ်ကြရပါသည်။ စာရင်းအ တည်ပြုပြီးသောအခါ ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိအ ကျဉ်းစာအုပ်ပြုစုခြင်းဆောင်ရွက်ကြရပါ သည်။ သို့ဖြင့် လုံးဝချို့ယွင်းချက်ကင်း စင်သည့်စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့သည်။ ထိုစာအုပ်အား ၂၈-၁၂-၂ဝ၁၉ ရက်နေ့ တွင် ကျင်းပသော ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသူများ အား ဝေငှပေးကမ်းခဲ့ပါသည်။ ဤသည် ကား ပဏာမပြင်ဆင်ခြင်းဖြစ်သည်။
ပူဇော်ကန်တော့ပွဲတွင် မရှိမဖြစ် ဝတ္ထုပစ္စည်းမှာ ငွေနှင့်ကန်တော့မည့်ပစ္စည်း များဖြစ်ကြသည်။ ကန်တော့ခံယူမည့်ပုဂ္ဂိုလ် များမှာ ၁၉၈ဝ ပြည့်နှစ်ပထမဆုံးအကြိမ် ကန်တော့စဉ်က ၁ဝ ဦးသာရှိခဲ့ရာမှ တ ဖြည်းဖြည်းတိုးတက်လာရာ ယခု ၁၃၈၁ ခုနှစ် (၂ဝ၁၉ခုနှစ်)တွင် ၂၇၆ ဦးထိ ရှိ လာခဲ့သည်။ ထို့ကြောင့် ကြိုတင် ပြင်ဆင်မှုကိုလည်း ဦးစားပေးဆောင်ရွက် ကြရသည်။ အဆင်ပြေသည့်ရက်နှင့် အချိန်ရွေးချယ်ရာတွင် ၂ဝ၁၉ခုနှစ်တွင် ၂၈-၁၂-၂ဝ၁၉ရက်နေ့အား ရွေးချယ်ပြီး အချိန်မှာ နံနက် ၉နာရီစတင်ရန်နှင့် နေရာ အား ရန်ကုန်မြို့တော်ဝန်ရုံးအစည်းအဝေး ခန်းမရရှိရေးအား မြို့တော်ဝန်ရုံးနှင့် ကြိုတင် တင်ပြဆောင်ရွက်ရသည်။
ရက်နှင့်နေရာသေချာသည့်နောက် အရေးကြီးဆုံးဆောင်ရွက်ချက်မှာ အလှူ ငွေလုံလုံလောက်လောက်ရရှိရေးပင်ဖြစ်ပေ သည်။ အလှူငွေ၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အပါအဝင် ကော်မတီဝင် ရှစ်ဦးဖြင့် ဆောင်ရွက်ခဲ့ကြ သည်။
ဘဏ္ဍာငွေရရှိရေးအတွက် ၂ဝ-၁၂-၂ဝ၁၉ရက်နေ့တွင် မြန်မာ့အလင်း၊ ကြေးမုံစသည့် သတင်းစာများတွင် သတင်းဖော်ပြခဲ့သည်။ သတင်းအကျဉ်း မှာ ''သက်ကြီးစာပေပညာရှင်များ ပူဇော် ပွဲအတွက် အလှူငွေပေးအပ်ပွဲ ကျင်းပ မည်''ဟူ၍ဖြစ်သည်။ သတင်းတွင် ၂ဝ၁၉ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီ၌ အသင်းရုံးအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အထက်ဖော်ပြပါ သတင်းအရ တပ် မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ က သက်ကြီးစာပေပညာရှင်များ ပူဇော် ကန်တော့ပွဲအတွက် ၂၃-၁၂-၂ဝ၁၉ ရက်နေ့တွင် လှူဒါန်းငွေကျပ်သိန်း ၁ဝဝ ကို အလှူရှင်များကိုယ်စား ရန်ကုန် တိုင်းစစ်ဌာနချုပ်ဦးစီးအရာရှိ (ဒုတိယ တန်း)စစ်ရေးဗိုလ်မှူးမျိုးသန့်က ပေးအပ် လှူဒါန်းသည်။
၂၅-၁၂-၂ဝ၁၉ရက်နေ့ အသင်းရုံး အလှူငွေပေးအပ်ပွဲတွင် လှူဒါန်းသူများ မှာ ငွေသားအလှူရှင်နှင့် ပစ္စည်းအလှူရှင် များ များစွာရှိခဲ့ပြီး ၂၇-၁၂-၂ဝ၁၉ ရက်နေ့အထိ အလှူငွေရရှိမှုမှာ ငွေသား လှူဒါန်းသူ ၁၂၃ဦးထံမှ ငွေကျပ် ၄၆၆၃ဝဝဝဝဖြစ်ပြီး ပစ္စည်းလှူဒါန်းသူ ၁၆ဦးထံမှ ကျပ်၁၃၉၃၁ဝဝဝတန်ဖိုးရှိ ပစ္စည်းများအား လက်ခံရရှိခဲ့သည်။ အလှူရှင်များတွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ မြန်မာ နိုင်ငံသတင်းကောင်စီ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြို့နယ် အဆင့် မြန်မာနိုင်ငံရေးဆရာအသင်းများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းများ ပါဝင်ကြသည်။ အလှူရှင်များ၏ အလှူငွေစာရင်းအသေး စိတ်အား ၂၈-၁၂-၂ဝ၁၉ရက်နေ့ ကန် တော့ပွဲ တက်ရောက်ကြသူအားလုံးသို့ ဖြန့်ဝေပေးခဲ့ပါသည်။
အခမ်းအနားမှ သိမှတ်ဖွယ်ရာများ
အခမ်းအနားအား ၂၈-၁၂-၂ဝ၁၉ ရက်နေ့ နံနက် ၉နာရီတွင် စတင်သည်။ အသင်းဥက္ကဋ္ဌက အမှာစကားပြောကြား သည်။ ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၏ ကိုယ်စား တက်ရောက်ကန်တော့သည့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှတိုင်းဦးစီးဗိုလ်မှူးကြီးသန်းထူး ဇော်ကလည်း မြန်မာစာပေသမိုင်းတွင် စစ်သားစာရေးဆရာ ပညာရှင်များအနေ ဖြင့် မြဝတီမင်းကြီးဦးစ၊ နတ်သျှင်နောင် စသည်များပေါ်ထွန်းခဲ့ပါကြောင်း၊ ယနေ့ ခေတ်တွင်လည်း စစ်သားစာပေပညာရှင် များပေါ်ထွန်းနေသည်ကိုသိရပါကြောင်း၊ သို့ဖြစ်၍ စစ်သားနှင့် စာရေးဆရာမှာ ခွဲခြား၍မရပါကြောင်း၊ တပ်မတော် မိသားစုများကလည်း အစဉ်အလာမပျက် ဆက်လက်ပူဇော်ကန်တော့သွားမည်ဖြစ် ပါကြောင်း၊ ယခုတက်ရောက်လာသော စာပေပညာရှင်ကြီးများလည်း ကျန်းမာ ကြပါစေကြောင်း၊ လေးစားစွာကန်တော့ ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ဘဏ္ဍာရေးမှူးကအလှူငွေ ရရှိမှုအခြေအနေအား ရှင်းလင်းတင်ပြ သည်။ ဆက်လက်ပြီး အခမ်းအနားမှူးက ကန်တော့ချိုးတိုင်ပေးပြီး တက်ရောက်ကြ သူများက သက်ကြီးစာပေပညာရှင်များ အား ကန်တော့ကြသည်။
လှူဒါန်းသည့် ပစ္စည်းများအား အသင်းဗဟိုကော်မတီဝင်များက တစ်ဦး ချင်းလိုက်လံပေးအပ်ခြင်း၊ ကန်တော့ခြင်း ပြုကြသည်။