images
UN
UN
အမျိုးသမီးရောဂါအဖြေရှာ
ပေါက်ပေါက် Wednesday, 08 January 2020
''ယောက်ျားမှာဆီး၊ မိန်းမမှာ မီး'' ဟူသော စကားတစ်ရပ်ရှိပါတယ်။ ဆီး ရောဂါက အမျိုးသားအများစုကို ဒုက္ခ ပေးသကဲ့သို့၊ မီးယပ်ရောဂါကလည်း အမျိုးသမီးများကို ဒုက္ခပေးတတ်ပါ တယ်။ သို့သော် စိတ်မညစ်ပါနှင့်။ အနာ သိလျှင်ဆေးရှိနေတာမို့ အမျိုးသမီးရောဂါ အမျိုးမျိုးအတွက် အောက်ပါနည်းလမ်း များဖြင့် အဖြေရှာကြည့်နိုင်ကြပါကြောင်း မျှဝေလိုက်ရပါတယ်။
မီးယပ်ထိမ်ငုပ်ခြင်းအတွက်
ဓမ္မတာသွေးပုံမှန်မပေါ်လာခြင်းအ တွက် ကြိတ်မှန်ရွက်အစို ငါးကျပ်သား၊ ဒန့်သလွန်မြစ်အစို နှစ်ကျပ်သား၊ ချင်းစိမ်း တစ်ကျပ်သား၊ အညိုရောင်ထန်းလျက် တစ်ကျပ်သားတို့ကို သောက်ရေတစ် ပုလင်းခွဲနှင့် အပူပေးကျိုချက်ပါ။သုံးခွက် တစ်ခွက်တင်ကျိုချက်ပြီးနောက် ဆားခပ် ၍ လက်ဖက်ရည်သောက်ပန်းကန်လုံး တစ်ဝက်လောက် နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်ပေးပါ။ အကယ်၍ ဒန့်သလွန်မြစ်အလွယ်တကူမရခဲ့ပါလျှင် ကြိတ်မှန်ရွက် တစ်ဆယ်ကျပ်သားကို ထန်းလျက်နှစ်ကျပ်သားရောကျိုသောက်ပါ။
မီးယပ်ဖြူဆင်းခြင်းအတွက်
ပျိုပျိုအိုအို အသက်အရွယ်အပိုင်းအ ခြားမရွေးမီးယပ်ဖြူဆင်းတတ်ကြပါတယ်။ အနည်းအကျဉ်းလောက်က ပြဿနာ မဟုတ်သော်လည်း၊ ရက်ရှည်လများ အဖြူဆင်းခြင်းက အသားအရေစိုပြည် ဝင်းဝါခြင်းမရှိတော့ဘဲ၊ ပိန်လှီချည့်နဲ့လာ တတ်ပါတယ်။ အဲဒီပြဿနာအတွက် ဦးစွာမန်ကျည်းစေ့ကို ရေစိမ်၍အခွံချွတ် ပြီးနောက်၊ အခြောက်လှန်းအမှုန့်ကြိတ်၍ နွားနို့နွေးနွေးနှင့် ရောဖျော်သောက်ပါ။ ညအိပ်ယာမဝင်ခင် တစ်နေ့တစ်ကြိမ် မှန်မှန် သောက်ပေးရမှာဖြစ်ပြီး၊တစ်ကြိမ်သောက် တဲ့အခါတိုင်း မန်ကျည်းစေ့ အခြောက်မှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာပမာဏကို နွားနို့နွေးနွေး တစ်ဖန်ခွက်နှုန်းဖြင့် သောက် ပေးနိုင်ပါတယ်။
သွေးဆုံးကိုင်ဝေဒနာအတွက်
အမျိုးသမီးများ ပျမ်းမျှ အသက် ၅ဝ ဝန်းကျင်မှာသွေးဆုံးလေ့ရှိပြီး၊ အမျိုးသမီး ၁ဝ ဦးမှာ ငါးဦးထက်မနည်း သွေးဆုံး ကိုင် ဝေဒနာခံစားရလေ့ရှိပါတယ်။ အဲဒီ ဝေဒနာတွေ သက်သာပျောက်ကင်းစေဖို့ အတွက် (၁) ဆီးဖြူသီးကို သုပ်စား (သို့မဟုတ်) ချက်စားပါ။ (၂) လမ်း လျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုတွေ ကို နေ့စဉ်ပြုလုပ်ပေးပါ။ (၃) ထန်းရည် ချို(စစ်စစ်)ကို တစ်ဝကြီးသောက်ပေးပါ။ (၄) ပုံမှန်ရေချိုးနေကျ အချိန်အတိုင်း သာချိုးပါ။ အချိန်လွန် ရေချိုးခြင်းမျိုး ကိုရှောင်ပါ။ (၅) ကန်စွန်းဥပြုတ်ကို မိမိစားနိုင်သလောက် ဝအောင်စားပေး ပါ။ (၆) သင်္ဘောသီးမှည့်မှည့်ကို နံနက် တိုင်းစားပါ။ (၇) တရုတ်စကားပန်းပွင့် ကို အကြော်၊ အသုပ်၊ ကြော်ချက် စသည် ဖြင့် အမျိုးမျိုးချက်စားပေးပါ။ (၈) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချို ချက်သောက်ပါ။
(၉) ဝါစေ့ပင်ပေါက် ကို ငရုတ်ကောင်းစေ့နှင့် ကြက်သွန်ဖြူတို့ ခပ်၍ဟင်းခါးချက်သောက်ပေးပါ။ (၁ဝ) ကင်ပွန်းချဉ်ရွက်ကို အကြော်(သို့ မဟုတ်) ချဉ်ဟင်း (သို့မဟုတ်) ဟင်းချိုလုပ်၍ အမျိုးမျိုးချက်စားပါ။ (၁၁) အနက်ရောင် (သို့မဟုတ်)အနီရောင် စပျစ်သီးများကို အခွံရော အစေ့ပါဝါးစားပါ။
ကိုယ်ဝန်ဆောင်ကာလအတွင်း ပျို့အန် ခြင်းအတွက်
အချို့ကိုယ်ဝန်ဆောင် မိခင်လောင်း များဟာ ကိုယ်ဝန်စတင် လွယ်ခါစက တည်းကပင် ပျို့အန်တဲ့ဝေဒနာကို ခံစားရ လေ့ရှိပါတယ်။ ထိုသို့မဖြစ်ရလေအောင် (၁) နွားနို့စစ်စစ် လတ်လတ်ဆတ်ဆတ် ကို အညိုရောင်ထန်းလျက်ခဲနှစ်ခဲ သုံးခဲမျှ ထည့်ကာ ကျိုချက်ပြီး သောက်ပေးပါ။ (၂) ဥသျှစ်သီးအသားများကို ဟင်းစား စတီးလ်ဇွန်း သုံးဇွန်းမျှ ခြစ်ယူ၍ ဥသျှစ် သီးနှင့် သကြားဆတူ ရော၍စားပါ။ ပြီးနောက် ဆန်ဆေးရည် အဝသောက် ပေးပါ။
မီးဖွားပြီးနောက် သွေးသားသန့်စင်စေ ရန်အတွက်
ကိုယ်ဝန်ဆောင်များမီးဖွားပြီးနောက် သွေးသားအညစ်အကြေးများ သန့်စင်ဖို့ အရေးကြီးပါတယ်။ သို့မဟုတ်ပါက သားအိမ်မသန့်ခြင်း၊မီးယပ်ကျိုး၊မီးယပ် နာဖြစ်ကာ ပိန်ချုံးချည့်နဲ့ခြင်း၊ သွေးမ သန့်ခြင်း၊ မီးယပ်ချမ်းထခြင်း၊ မီးယပ်ပူ ပြန်ခြင်း၊ အသားအရည်မစိုပြည်ဘဲ ခမ်း ခြောက်ပူလောင်ခြင်း၊ မျက်နှာမှာ တင်း တိပ်များထွက်ရှိခြင်း၊ မျက်နှာနှင့် တစ် ကိုယ်လုံး အသားအရေအရောင်မညီ တော့ဘဲ အနီကွက်များပေါ်လာခြင်း၊ စကားပြောလိုက်တိုင်း ခံတွင်းမှ အပုပ်နံ့ ထွက်ခြင်း စတဲ့ဆိုးကျိုးတွေဖြစ်လာစေ နိုင်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် (၁) ကိုယ် ဝန်ဆောင်စဉ်ကာလ တစ်လျှောက်လုံး နနွင်းမှုန့်စစ်စစ်ကို မှန်မှန်စားပေးပါ။ မီးနေခန်းအတွင်း ခုနစ်ရက်တိတိ နနွင်း များလိမ်းကာ မီးအောင်းပါ။ မီးဖွား ပြီးနောက် မီးယပ်သွေးတက်ခြင်း၊ မီး ယပ်ခေါင်းကိုက်ခြင်းဖြစ်ပါက နနွင်းမှုန့် ကို မီးကျီခဲပေါ်ဖြူး၍ မီးခိုးမှိုင်းရှူပေးပါ။ (၂) ရေတစ်ခွက်ကို ချင်းစိမ်းနှင့် ထန်း လျက်အမဲရောင်တို့ ဆတူရောကာ ကြို ချက်၍ ဆေးရည်ပျစ်လာတဲ့အခါ ဟင်း စားစတီးလ်ဇွန်းဖြင့် တစ်ဇွန်းကျစီ တစ်နေ့ သုံးကြိမ်တိတိ သောက်ပေးပါ။ (၃) လတ် ဆတ်တဲ့ ကြောင်ပန်းရွက် ငါးကျပ်သား ကို ရေ ၃ဝ ကျပ်သားရော၍ သုံးခွက် တစ်ခွက်တင် ပြုတ်ပါ။ ထိုဆေးပြုတ် ရည်ကို သကြားအနည်းငယ်ရောပြီး သောက်ပါ။ ထို့နောက် ရေနွေးသောက်ပါ (ရေအေးမသောက်ပါနဲ့ ) ဤအချိုးအစား တိုင်း နံနက်၊ နေ့လယ်၊ ည တစ်နေ့သုံး ကြိမ် ပုံမှန်သောက်ပေးပါ။