images
UN
UN
FDA လူထုအသိပညာပေးပြပွဲအခမ်းအနား ၂ဝ၂ဝ မုံရွာမြို့ ၌ကျင်းပမည်
ကိုကိုလွင် Saturday, 11 January 2020
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခင်းကျင်းပြသမည့် ပဉ္စမအကြိမ် မြောက် လူထုအသိပညာပေးပြပွဲ အခမ်းအနား ၂ဝ၂ဝ ကို ယခုနှစ် ၌ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တွင် ခင်းကျင်းပြသပေးသွားမည် ဟု သိရသည်။
နေပြည်တော်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA )ခန်းမတွင် ယမန်နေ့မွန်းလွဲ ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းခြင်းအခမ်းအနားပြုလုပ် ခဲ့မှုအရ သိရသည်။
အစားအသောက်၊ ဆေးဝါး၊ အလှကုန်တို့နှင့်ပတ်သက်၍ ဘေး အန္တရာယ်များအား ပြည်သူများ သိရှိနားလည်ပြီး သတိပြုရှောင် ရှားနိုင်ရေး၊ ဘေးအန္တရာယ်ကင်း ပြီး အရည်အသွေးပြည့်ဝသည့် ပစ္စည်းများဝယ်ယူသုံးစွဲတတ်လာ စေရေး၊ ဘေးအန္တရာယ်ရှိသည့် အစားအသောက်ဆေးဝါးအလှကုန် များ ဈေးကွက်အတွင်း မရောက်ရှိ စေရန်အတွက် ပြည်သူများ၊ မိတ် ဖက်အဖွဲ့အစည်းများနှင့် အာဏာ ပိုင်အဖွဲ့တို့မှ ပါဝင်ဆောင်ရွက်လာ စေရန်၊စားသောက်ကုန်လုပ်ငန်းရှင် များFDA ထောက်ခံမှုရယူ၍ထုတ် လုပ်ရောင်းချလာစေရန်နှင့်လူငယ် များ၏ ကျန်းမာရေးနှင့်ဆက်နွှယ် သည့်အစားအသောက်နှင့်ဆေးဝါး အလှကုန်များနှင့်ပတ်သက်သည့် အသိပညာများ ပိုမိုတိုးပွားရန်ရည် ရွယ်ပြုလုပ်ကြောင်း သိရသည်။
ထို့အပြင် ပြပွဲသို့ လာရောက် သူများအတွက် ၄င်းတို့သုံးစွဲနေ သည့် အလှကုန်ပစ္စည်းများနှင့် အစားအသောက်များတွင် ဓာတု ပစ္စည်းများပါ/မပါစစ်ဆေးပေးခြင်း၊ ဆီးချိုသွေးချိုအခမဲ့စစ်ဆေးပေး ခြင်း၊ စားသောက်သုံးစွဲရန်မသင့် သည့်ကုန်ပစ္စည်းများကြေညာပေး ခြင်း၊FDA ထောက်ခံချက်ရရှိသည့် အစားအသောက်နှင့်ကုန်ပစ္စည်းများ ခင်းကျင်းပြသပေးခြင်း၊ ပညာပေး ပြဇာတ်များ အမေးအဖြေပဟေဠိ များပါဝင်ကာ လက်ဆောင်ပစ္စည်း များချီးမြှင့်ခြင်းဖြင့် ထိရောက် သည့် အသိပညာပေးလုပ်ငန်းများ ပါဝင်မည်ဟု သိရသည်။
ပြပွဲအခမ်းအနားကို ယခုလ ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက် တာခင်းကျင်းပြသသွားမည်ဖြစ် ပြီး ပြခန်းပေါင်း ၁ဝဝ ခန့်ပါဝင် ပြသမည်ဖြစ်ကြောင်းနှင့်ပြခန်းများ အတွင်း လာရောက်ကြည့်ရှုသူ များအတွက် တိုက်ရိုက်စစ်ဆေး ပေးနိုင်ရန်FDA ဓာတ်ခွဲခန်းကိုပါ ထည့်သွင်းထားမည်ဟုသိရသည်။