images
UN
UN
သန်လျင်တံတားအဆင်းရှိနိုင်ငံတကာအဆင့်မီ Lucky Square ကွန်ဒိုစတင်အရောင်းဖွင့်လှစ်
အေးချမ်းပိုပို Saturday, 11 January 2020
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဖြစ် သော iMyanmar House .com မှကြီးမှူး၍ Crest Star Resouces Co.,Ltdမှ တည်ဆောက်သည့် Lucky Square ကွန်ဒိုအရောင်းပြပွဲ ကို ယနေ့နှင့် ယခုလ၁၂ရက်တို့ တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ Wyndham Grand Hotel တွင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''ဒီအရောင်းပြပွဲမှာ Lucky Square ကွန်ဒိုက အခန်းတွေကို စတင်မိတ်ဆက်ရောင်းချပေးတာ ပါ။Lucky Square အိမ်ရာစီမံ ကိန်းဟာဆိုရင်သန်လျင်တံတား အဆင်းတွင်တည်ရှိပြီး ရန်ကုန်မြို့ တွင်းမှ မိနစ် ၂ဝ ခန့်သာ ကွာဝေး တဲ့နေရာမှာ တည်ရှိနေတာဖြစ်ပါ တယ်။ ဘတ်စ်ကားဂိတ်နဲ့လည်း နီးတဲ့အတွက် သွားလာရလွယ်ကူ အဆင်ပြေစေမှာပါ။ ဒီပွဲမှာ အခန်း တွေကို စတင်အရောင်းဖွင့်လှစ်တာ ဖြစ်လို့ အရောင်းပြပွဲကိုလာရောက် ဖို့ ဖိတ်ခေါ်ပါတယ် ''ဟု iMyan marHouse.com ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူရကပြော သည်။
Lucky Square အိမ်ရာစီမံ ကိန်းကို သန်လျင်မြို့ ထွဋ်ခေါင် အိမ်ရာဝင်းအတွင်းရှိ ၁ဒသမ ၆၃ဝ ဧကကျယ်ဝန်းသော မြေပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ၅၆ဝ၅၂၃ စတုရန်းမီတာ ပေါ်တွင် လူနေအဆောက်အအုံများ တည် ဆောက်သွားမည့်အပြင် စီးပွားရေး ဆိုင်ရာ လုပ်ငန်းနေရာများ၊ အပန်း ဖြေနေရာများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။