images
UN
UN
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်
အေးချမ်းပိုပို Saturday, 11 January 2020

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိ အသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်းခုနစ်လုံး ပါရှိသည့် တယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲတပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း MPT၏ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက် စနစ် (Cable Network)အားလည်း ယခုလက်ရှိ ကြေးနန်းကြိုး (Copper Cable) အသုံးပြုစနစ်မှ မြန်နှုန်းမြှင့်သတင်းအချက် အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင်(င်္Fiber Cable)အသုံး ပြုစနစ်သုံး တယ်လီဖုန်းများဖြင့်ပြောင်းလဲတပ်ဆင်မည်ဖြစ်ပါသဖြင့် အော် တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ဝန်ဆောင်မှုကို အသုံးပြုနေသူ များ ဆက်သွယ်မှုအဆင်ပြေစေရန်Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ သုံးလအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိ နံပါတ်(သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။