images
UN
UN
ဒုက္ခသည်အသစ်များကိုထရန့်၏အမိန့်အရ တက္ကဆက်ပြည်နယ် လက်ခံတော့မည်မဟုတ်
KK(IR) Saturday, 11 January 2020
အမေရိကန်အစိုးရ၏ ပြန်လည်နေရာချထားရေးအစီအစဉ်အရ တက္ကဆက်ပြည်နယ်အနေဖြင့် ဒုက္ခသည်အသစ်များကို လက်ခံတော့ မည်မဟုတ်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးGreg Abbott က ထုတ် ပြန်ကြေညာလိုက်ကြောင်း သိရသည်။ ၄င်းဆုံးဖြတ်ချက်ကြောင့် တက္ကဆက်ပြည်နယ်သည် ဒုက္ခသည်အသစ်များကို လက်မခံတော့ သည့်ပထမဦးဆုံးပြည်နယ်ဖြစ်လာမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရန့်က ၄င်းအစီ အစဉ်နှင့်ပတ်သက်ပြီး ရှောင်ဖယ်နေရန်ခွင့်ပြုလာသည့်သမ္မတအမိန့် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ Abbott ကမူ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကိုကူညီသော အားဖြင့် တက္ကဆက်ပြည်နယ်အနေဖြင့် ပိုမိုပါဝင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်ကို ဒုက္ခသည်များဆိုင်ရာအေဂျင်စီများက အလွန် စိတ်ပျက်စရာကောင်းသည့်ဆောင်ရွက်ချက်ဟုသတ်မှတ်ကာ ဝေဖန် ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
တက္ကဆက်ပြည်နယ်၏ အဓိကမြို့ကြီးများတွင် ဒုက္ခသည်ဦးရေ များစွာ တည်ရှိနေခြင်းဖြစ်သည်။ တက္ကဆက်ပြည်နယ်တွင် ၂ဝ၁၇ ခုနှစ်၌ဒုက္ခသည် ၄၇၆၈ ဦးရှိခဲ့ပြီး ၂ဝ၁၈ခုနှစ်တွင် ၁၆၉၇ ဦးရှိခဲ့ သည်။ Ref: BBC News