images
UN
UN
ယူကရိန်းခရီးသည်တင်လေယာဉ်အား မတော်တဆမှားယွင်းပစ်ချခဲ့ခြင်းဖြစ်ကြောင်း အီရန်ထုတ်ပြန်ကြေညာ
KK(IR) Saturday, 11 January 2020
အီရန်စစ်တပ်သည် ခရီးသည် ၁၇၆ ဦးလိုက်ပါစီးနင်းလာသည့် ယူကရိန်းခရီးသည်တင်လေယာဉ် အား မတော်တဆမှားယွင်းပစ်ချ ခဲ့ခြင်းဖြစ်သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနက ယနေ့ နံနက်ပိုင်း တွင် ထုတ်ပြန်ကြေညာလိုက်သည် ဟုသိရသည်။
အဆိုပါလေယာဉ်သည် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ပိုင် ကန့်သတ်နယ်မြေနေရာနှင့် နီးကပ် စွာပျံသန်းခဲ့ပြီးနောက် မှားယွင်းစွာ ပစ်ချမိလိုက်ခြင်းဖြစ်သည်ဟု အဆို ပါထုတ်ပြန်ကြေညာချက်တွင်ဖော် ပြထားသည်။ ယခုကဲ့သို့ ပစ်ချခဲ့မိ သည့်အတွက်အလွန်စိတ်မကောင်း ဖြစ်မိကြောင်း၊ သေဆုံးသွားသည့် မိသားစုဝင်များအတွက်လည်း အလွန်ဝမ်းနည်းမိကြောင်းနှင့် အား လုံးစိတ်ကျေနပ်စေရန်အတွက် အစွမ်းကုန်ပြန်လည်တာဝန်ယူဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်း သတင်းထုတ်ပြန်ခဲ့သည် ဟုသိရသည်။ အီရန်သမ္မတဟက် တန်ရိုဟာနီကလည်း အဆိုပါလေ ယာဉ်ပျက်ကျမှုသည်ခွင့်မလွှတ် နိုင်သည့် မှားယွင်းမှုပင်ဖြစ်သည် ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်ပျက် ကျမှုကြောင့် လူပေါင်း၁၇၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူထက်ဝက် ခန့်သည် အီရန်နိုင်ငံသားများဖြစ်ပြီး သေဆုံးသူများထဲတွင် အီရန် ၈၂ ဦး၊ ကနေဒါ ၆၃ ဦး၊ ယူကရိန်း ၁၁ ဦး ၊ ဆွီဒင် ၁ဝ ဦးနဲ့ ဂျာမန်နဲ့ ဗြိတိန် နိုင်ငံသားသုံးဦးစီ ဖြစ်တယ် လို့ ယူကရိန်းနိုင်ငံခြားရေး ဝန် ကြီးက ထုတ်ပြန်ကြေညာခဲ့သည်။
ကနဦးတွင် ၄င်းခရီးသည်တင် လေယာဉ်သည် မြို့တော်တီဟီရန် အနီးတွင်ဒုံးကျည်မှန်၍ပျက်ကျခြင်း ဖြစ်သည်ဆိုသည့်ယူဆချက်များကို အီရန်ကငြင်းဆန်ခဲ့သည်။ သို့သော် လည်း အမေရိကန်နှင့် ကနေဒါတို့ က ၄င်းတို့၏စုံစမ်းစစ်ဆေးချက်များ အရ ၄င်းတို့အနေဖြင့် အဆိုပါခရီး သည်တင်လေယာဉ်သည် ပစ်ချခံ ရခြင်းဖြစ်သည်ဟု ယုံကြည်ယူဆ ကြောင်း ပြောကြားလိုက်ပြီးနောက် အီရန်အပေါ်ဖိအားများမြင့်တက်လာ ပြီး အီရန်အနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ် သည်။ Ref: BBC News