images
UN
UN
ကာကွယ်ဆေးများအပေါ်ယုံကြည်မှုကျဆင်းက ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်လာ
KK(IR) Saturday, 11 January 2020

ကာကွယ်ဆေးများအပေါ် အများပြည်သူများက ယုံကြည်မှု မရှိခြင်းသည် ကမ္ဘာကြီးသည် သေကျေပျက်စီးစေသည့် ကူးစက် ရောဂါများကိုကာကွယ်တားဆီးရာ တွင် ခေတ်နောက်ပြန်ဆွဲနေသည့် အဓိပ္ပာယ်ပင်ဖြစ်သည်ဟုကျွမ်းကျင် ပညာရှင်များက သတိပေးပြော ကြားလိုက်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးခြင်းအပေါ် သဘောထားများနှင့်ပတ်သက်ပြီး ကမ္ဘာ့အကြီးဆုံးသုတေသနမှ ဖော် ပြချက်အရ အချို့သောဒေသများ တွင် ကာကွယ်ဆေးထိုးခြင်းကို ယုံ ကြည်မှုကျဆင်းနေသည်ဟု သိရ သည်။ The Wellcome Trust သုတေသနအဖွဲ့မှပြုလုပ်သည့် အဆိုပါ စိစစ်လေ့လာချက်တွင် နိုင်ငံပေါင်း ၁၄ဝ ကျော်မှ လူပေါင်း ၁၄ဝဝဝဝ ကျော်တို့၏တုံ့ပြန်မှုများ ကို ထည့်သွင်းဖော်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ကာကွယ်ဆေးထိုးရန်တွန့်ဆုတ်ဝန် လေးမှုကို ကမ္ဘာ့ကျန်းမာရေးအား ခြိမ်းခြောက်နေသည့် ထိပ်တန်း အန္တရာယ် ၁ဝ မျိုးစာရင်းတွင်ထည့် သွင်းထားသည်ဟု သိရသည်။
ကာကွယ်ဆေးများသည် ကမ္ဘာ တစ်ဝန်းတွင် ဘီလီယံနှင့်ချီသော လူပေါင်းများစွာကို ကာကွယ်ပေးနေ ပြီး ရေကျောက်ကဲ့သို့သောရောဂါ များကိုလုံးဝဖယ်ရှားပေးပြီး ပိုလီယို ကဲ့သို့သော အခြားရောဂါများကို လည်း အမြစ်ပြတ်သုတ်သင်နိုင်လု နီးပါးဆောင်ရွက်နေလျက်ရှိသည်။ သို့သော်လည်း ဝက်သက်ရောဂါ ကဲ့သို့သော အခြားရောဂါအချို့သည် ပြန်လည်ဖြစ်ပွားလာနေလျက်ရှိပြီး ကြောက်ရွံ့မှုနှင့်သတင်းအမှားများ က မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေကာ ကာကွယ်ဆေးများကို လူအများကရှောင်ကြဉ်နေကြခြင်း သည် အဓိကပြဿနာရပ်များအနက် တစ်ခုပင်ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များကပြောကြားခဲ့သည်ဟု သိရသည်။ Ref: BBC News