images
UN
UN
ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းမှကာကွယ်ရေးအတွက် ဒေါ်လာ ၇၂ ဘီလီယံစင်ကာပူကုန်ကျဖွယ်ရှိ
KK(IR) Saturday, 11 January 2020
ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းမှ စင်ကာပူ နိုင်ငံအား ကာကွယ်ရေးအတွက် စင်ကာပူဒေါ်လာ ဘီလီယံ ၁ဝဝ (အမေရိ ကန်ဒေါ်လာ ၇၂ ဘီလီယံ) ကုန်ကျနိုင်ဖွယ်ရှိပြီး နောင်နှစ်ပေါင်း ၁ဝဝ ကျော်ကြာ မြင့်နိုင်သည်ဟု ဝန်ကြီးချုပ်လီရှန်လွန်းက ပြောကြား လိုက်ကြောင်းသိရသည်။ ပင်လယ်ရေမျက်နှာပြင် အောက် နိမ့်စွာတည်ရှိနေသည့် ကျွန်းစုနိုင်ငံတစ်ခု အနေဖြင့် ကမ္ဘာကြီးပူနွေးမှုဆိုင်ရာသက်ရောက်မှုများ ကိုလျှော့ချရန်အတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေရခြင်းဖြစ်သည်။
''ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို ကာကွယ်ဖို့ဘယ်လောက်ကုန်ကျမလဲဆိုရင်ကျွန်တော့် ခန့်မှန်းချက်အရ နောင်နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း မှာ စင်ကာပူဒေါ်လာ ဘီလီယံ ၁ဝဝ လောက်ကုန်ကျ နိုင်ဖွယ်ရှိပြီး အနည်းငယ်လည်းပိုနိုင်ပါတယ်''ဟု ဝန်ကြီးချုပ်လီရှန်လွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံ၏ အနာဂတ်မှာလုပ်ဆောင်မည့် နည်း လမ်းများတွင် ပင်လယ်သမုဒ္ဒရာထဲမှ မြေယာများကို ဖော်ယူကာ တမံများတည်ဆောက်ခြင်း အပါအဝင် ကျွန်းစုများ၏ ကမ်းလွန်နေရာများကို မြေယာများပြန် လည်ဖော်ယူပြီး မြစ်တားဆည်များဆောက်လုပ်ခြင်း တို့ပါဝင်သည်။
စင်ကာပူနိုင်ငံသည် ကာဗွန်ထုတ်လွှတ်သည့် လောင်စာများအပေါ် အခွန်ကောက်ခံခြင်းအပါအဝင် လေဆိပ်အသစ်နှင့်ကုန်းပြင်မြင့်တွင် ဆိပ်ကမ်းအသစ် များ ဆောက်လုပ်ခြင်းကဲ့သို့သော လိုအပ်သည့် အနာဂတ်ဆိုင်ရာအရေးပါသည့် အခြေခံအဆောက် အအုံများဆောက်ခြင်းတို့ကဲ့သို့သော ဆောင်ရွက်မှုများ ကို ဆောင်ရွက်နေပြီဖြစ်သည်။
ယခုနှစ်အစောပိုင်း၌လာမည့် နှစ်နှစ်ကျော်တွင် နိုင်ငံ၏ ရေစီးဆင်းမှုနှင့် ရေကြီးမှုဒဏ်ခံနိုင်မှုစွမ်းရည် ကိုမြှင့်တင်ရန် စင်ကာပူဒေါ်လာ သန်း ၄ဝဝကျော် အကုန်ကျခံသုံးစွဲသွားမည်ဟု စင်ကာပူအစိုးရက ပြော ကြားခဲ့သည်။ Ref: Reuters