images
UN
UN
၂ဝ၁၉ ခုနှစ်အတွင်း မီးလောင်မှုများကြောင့် ကျပ်သုံးဘီလီယံခန့် ဆုံးရှုံး
NG Saturday, 11 January 2020
၂ဝ၁၉ ခုနှစ်အတွင်း တစ် နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော မီး လောင်မှုများကြောင့် ကျပ်သုံး ဘီလီယံခန့်ဆုံးရှုံးခဲ့ကြောင်း မီး သတ်ဦးစီးဌာန၏ မှတ်တမ်းများ အရ တွေ့ရှိရသည်။
၂ဝ၁၉ ခုနှစ်အတွင်း တစ် နိုင်ငံလုံးတွင် မီးလောင်မှု ၂၁၅၅ မှုဖြစ်ပွားခဲ့ကာ အိမ်ခြေ ၂၉၈၇ လုံးမီးလောင်ပျက်စီးခဲ့ပြီး စက်ရုံ ၂၄ ရုံနှင့် ကုန်လှောင်ရုံ ၅၂ ရုံပါ မီးလောင်ပျက်စီးခဲ့ကြောင်း တွေ့ရှိ ရသည်။ မီးလောင်မှုများကြောင့် သေဆုံးခဲ့သူဦးရေမှာ ၇၉ ဦးရှိခဲ့ ပြီး ဒဏ်ရာရရှိသူ ၂၂၆ ဦးရှိခဲ့ ကြောင်း မီးသတ်ဦးစီးဌာနက အတည်ပြုထားသည်။ ထို့အပြင် မီးလောင်မှုများကြောင့် အိမ်ခြေ ယာမဲ့ဘဝသို့ ရောက်ရှိရသူဦးရေ မှာ ၆၃၅၉ ဦး ရှိခဲ့သည်။ ဖြစ်ပွား ခဲ့သောမီးလောင်မှုများထဲတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်းခဲ့ သော မီးလောင်မှုအရေအတွက် မှာ အကြိမ်ရေအများဆုံးဖြစ်ခဲ့ပြီး ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းခဲ့ သည့်အကြိမ်ရေမှာ ၇၃၄ ကြိမ် အထိ ရှိခဲ့သည်။ ဒုတိယအများ ဆုံးမီးလောင်ကျွမ်းမှုဖြစ်စဉ်များ မှာ အီလက်ထရွန်နစ်ပစ္စည်းများ အပူလွန်ကဲခြင်းနှင့် ရှော့ခ်ဖြစ်ခြင်း များကြောင့် လောင်ကျွမ်းသော မီးလောင်ကျွမ်းမှုများဖြစ်ကာ စုစု ပေါင်း ၅၉၉ ကြိမ်ဖြစ်ပွားခဲ့သည်။ မီးဖိုများမှတစ်ဆင့် ဖြစ်ပွားသော မီးလောင်ကျွမ်းမှုအရေအတွက် ၃၈၈ ကြိမ်ရှိခဲ့ပြီး တတိယအများ ဆုံးမီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ခဲ့သည်။