images
UN
UN
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်နိုင်ရေး နှာခေါင်းစည်းများ လက်ကမ်းစာစောင်များဝေငှ
အေးချမ်းပိုပို Saturday, 08 February 2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး နောက် အခြားနိုင်ငံများသို့ကူးစက် ပြန့်ပွားနေသည့် 2019 Novel Coronavirus အန္တရာယ်မှကာ ကွယ်ရန်Young Insurance Life Co.,Ltd မှဦးဆောင်၍ Mask များ အခမဲ့ပေးဝေခြင်းနှင့် ဆောင်ရန် ရှောင်ရန်အကြောင်း လက်ကမ်းစာ စောင်ဝေငှခြင်းများကို ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ မဟာ ဗန္ဓုလပန်းခြံအတွင်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားပြီးနောက်ဈေးကွက်အတွင်း နှာခေါင်းစည်း(Mask)များ ဈေး အဆမတန်မြင့်တက်ခဲ့သည့်အတွက် အခုလို အခမဲ့မျှဝေပေးခြင်းဖြစ် ကြောင်း၊ မြန်မာပြည်အနှံ့ နှင့် ဆေးရုံများ၊ လူနေထူထပ်သည့် နေရာများ၊ အစိုးရရုံးများသို့လည်း နှာခေါင်းစည်းများ၊ လက်ကမ်း စာစောင်များ၊ Save the world တီရှပ်များ၊ Alcohol Sanitizer များပေးပို့လှူဒါန်းခြင်းတို့ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊့ Young Insurance Life Co., Ltd အနေဖြင့် ငွေကျပ် သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ လက်ဆေးရည်ဘူး များ၊ လက်ဆေးရည်ထည့်သည့် ခွက်များအပါအဝင် နှာခေါင်းစည်း (Mask)အခု ၄ဝဝဝဝ ကို မျှဝေရန် အတွက် ယခုရက်ပိုင်းအတွင်း နေ ပြည်တော်၊ မန္တလေး၊ မုံရွာနှင့် မူ ဆယ်မြို့များသို့လည်းသွားရောက် ရန်စီစဉ်ထားကြောင်း သိရသည်။