images
UN
UN
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံခမ်းရွာတွင် သွားရောက်အလုပ်လုပ်ကိုင်သူ ရေကြည်မြို့နယ်မှ မြန်မာလူမျိုးသုံးဦး ပြန်လည်ရောက်ရှိလာ၍ ကုန်းပြင်တိုက်နယ်ဆေးရုံတွင် စောင့်ကြည့်လျက်ရှိနေ
ဆန်းတင့်(ရေကြည်) Saturday, 08 February 2020
ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ရေကြည်မြို့နယ် ဂွေးတောက် ကျေးရွာအုပ်စု တောင်စမ်းကျေးရွာ မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံခမ်းရွာတွင် သွားရောက်အလုပ် လုပ်ကိုင်သူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည်ရေကြည် မြို့နယ်သို့ ယမန်နေ့ ညနေ ၄ နာရီ ခန့်တွင်ရောက်ရှိပြီး ကုန်းပြင်တိုက် နယ်ဆေးရုံတွင် စောင့်ကြည့်သွား ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံမျာနှင့် ရေကြည်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရေကြည်မြို့နယ် ဂွေးတောက် ကျေးရွာအုပ်စု တောင်စမ်းကျေးရွာ နေ ဦးဝင်းချို(၄၂နှစ်)၊မောင်ကျော် ရဲဇော်(၂၈နှစ်)၊ မနှင်းနုဝေ(၂၉နှစ်) တို့သည် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ အတွင်း တရုတ်နိုင်ငံ ယူနန်ပြည် နယ်လုံခမ်းရွာတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ရာမှ ယခုလ ၆ ရက်တွင် မူဆယ်မြို့မှတစ်ဆင့် နေရပ်သို့ ပြန်လာခဲ့ရာ ယမန်နေ့ နံနက် ၈နာရီတွင် ရန်ကုန်မြို့အောင် မင်္ဂလာ အဝေးပြေးကားဂိတ်သို့ ရောက်ရှိပြီး အောင်မင်္ဂလာအဝေး ပြေးကားဂိတ်မှ လှိုင်သာယာမြို့ နယ် ဒဂုံဧရာ အဝေးပြေးကားဂိတ် သို့ရောက်ရှိပြီး နံနက် ၁၁ နာရီတွင် ရန်ကုန်-ငါးသိုင်းချောင်း ပြေးဆွဲ သော ယာဉ်အမှတ် NPW 9P/------- ရွှေဝါဖူးခရီးသည်တင်မှန်လုံယာဉ် ဖြင့် ညနေ ၄ နာရီတွင် ငါးသိုင်း ချောင်းမြို့သို့ရောက်ရှိပြီး ရေကြည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ရေကြည်မြို့နယ်ကျန်း မာရေးဦးစီးဌာနဦးစီးမှူးဒေါက်တာ ဇော်အောင်၊ မြို့နယ်ရဲမှူး ယာယီရဲ မှူးအာင်ကံညွန့်၊ မြို့နယ်လဝကဦး စီးဌာနဦးစီးမှူးဦးခင်မောင်ဌေးတို့က လူနာတင်ယာဉ်အမှတ် ဏျြွှ ၉ဏ။-----ဖြင့်ဆက်လက်ခေါ်ဆောင်ခဲ့ ပြီး ညနေ ၄ နာရီခွဲတွင် ကုန်းပြင် တိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ဦးဝင်းချို၊မောင်ကျော်ရဲဇော်၊ မနှင်း နုဝေတို့အား ကုန်းပြင်တိုက်နယ် ဆေးရုံသီးသန့်ဆောင်တွင်မြို့နယ် ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာဇော်အောင်နှင့်ကုန်းပြင် တိုက်နယ်ဆေးရုံမှ ဒေါက်တာ ဝေယံအောင်တို့က လိုအပ်သောစစ် ဆေးမှုများပြုလုပ်လျက်ရှိပြီး ဆက် လက်စောင့်ကြည့်သွားရန်စီစဉ်ထား ရှိကြောင်း သိရသည်။