images
UN
UN
တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ရပ်ကွက်ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်များ လိုင်စင်ဥပဒေ နည်းဥပဒေလုပ်ထုံးလုပ်နည်းများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
ဖြူမျိုး(တနင်္သလာရီ) Saturday, 08 February 2020
တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ရပ်ကွက်ကျေးရွာသုံး စက်သုံးဆီ အရောင်းဆိုင် လိုင်စင်ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက တနင်္သာရီမြို့နယ်ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ စက်သုံးဆီ အရောင်းဆိုင်လိုင်စင်၏ လိုက်နာ ဆောင်ရွက်ကျင့်သုံးရမည့် စည်း မျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ် နည်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များကိုအသေးစိတ်ထည့်သွင်းရှင်း လင်းပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်မီးသတ် ဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဦးမျိုး မျိုးနိုင်က စက်သုံးဆီအရောင်းများ မှ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကိုအသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ ကြောင်းနှင့် မြို့နယ်အကောက်ခွန် ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အခွန်ကင်းရှင်း ကြောင်း ကိစ္စများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက် အလက်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေး မှူး ဦးစိုးဝင်းနိုင်က နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲခေါင် မြင့်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၊ မြို့နယ်အကောက် ခွန်ဦးစီးအရာရှိဦးထွန်းထွန်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ စက်သုံးဆီအရောင်း ဆိုင်များမှ တာဝန်ခံများစုစုပေါင်း ၂ဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။