images
UN
UN
မင်းသမီးသုံးယောက်ရဲ့အမိုက်စား ဖက်ရှင်တွေကိုတွေ့မြင်ရမယ့် လေဒီဒိန်းဂျား
သွန်းလေး Saturday, 08 February 2020
လေဒီဒိန်းဂျားရုပ်ရှင်ကားကြီးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစပြီး မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ရုပ်ရှင်ရုံကြီးတွေမှာပြသတော့မှာ ဖြစ်ပါတယ်။
ယောက်ျားတွေကိုသိပ်မုန်းတဲ့မိန်းမတစ်ယောက် သစ္စာမဲ့တဲ့ယောက်ျား တွေကိုမှချစ်ချင်ကြတဲ့ မိန်းမတချို့ပုံရိပ်တွေကိုပုံဖော် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်က ရိုက်ကူးခဲ့တဲ့ ယခု ဇာတ်ကားထဲမှာတော့ နာမည်ကြီး မင်းသမီးသုံးယောက်ရဲ့အမိုက်စား ဖက်ရှင်တွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
LADYDANGER လေဒီဒိန်းဂျားရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇာတ်လမ်း ဇာတ်ညွှန်းကိုတော့ မိုးနီလွင်ကရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ ခန့်စည်သူ၊ ခါရာ၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ မုဏ်း၊ ထူးမွန်ဖူးချစ်နှင့် သရုပ်ဆောင်များစွာတို့နဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။