images
UN
UN
သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့မဝေဠုဝန်ကျောင်းတိုက်တွင် ကျောင်းဆောင်သစ်ရေစက်ချပွဲ၌ လုပ်အားဒါနပေးလှူ
အောင်လှဖြူ(ရမ်းဗြဲ) Sunday, 23 February 2020

သံတွဲခရိုင် သံတွဲမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှယမန်နေ့နံနက်ပိုင်းက သံတွဲ မြို့ မြို့မဝေဠုဝန်ကျောင်းဆောင် သစ်ရေစက်ချပွဲအကြိုနေ့၌ သံတွဲ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်၊ ခရိုင် ပါတီ ကော်မတီဝင်ဦးသန်းစိုး၊အရန်ပါတီ ကော်မတီဝင်အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်မူ၊မြို့နယ်ပါတီအရန် ကော်မတီဝင်အမျိုးသမီးရေးရာအဖွဲ့ ဝင်ဒေါ်စန်းစန်းမြင့်နှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ပြည်နယ် လူငယ်လှုပ်ရှားမှုခေါင်းဆောင်မောင် ပြည့်ဖြိုးအောင်နှင့် ပါတီဝန်းရံ လူငယ်များက သွားရောက်၍ လို အပ်သော လုပ်အားဒါနများပေးလှူ ခဲ့ကြောင်းသိရသည်။