images
UN
UN
လေဒီဒိန်းဂျား ရုပ်ရှင် ဖေဖော်ဝါရီ ၂၇ ရက်တွင် ရုံတင်ပြသမည်
အလင်း Sunday, 23 February 2020

ရွှေစည်တော် ရုပ်ရှင်ထုတ် လုပ်ရေးမှ စီစဉ်ပြီး ဝါရင့်သရုပ် ဆောင်များစွာပါဝင်ထားတဲ့' Lady Danger - လေဒီဒိန်းဂျား'' ရုပ် ရှင်ဇာတ်ကားအထူးပွဲပြသမှုအခမ်း အနားကို ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက JCGV(JunctionCity) မှာ ကျင်းပခဲ့သည်။
''ကျွန်မက ဒီကားမှာ ကိုခန့် ရဲ့ အမျိုးသမီးနေရာကနေ သရုပ် ဆောင်ရမှာပါ နည်းနည်းရိုးရိုးအအ မိန်းမတစ်ယောက်ပေါ့နော်၊ ဇာတ် ကားလေးက ရိုးရှင်းပေမယ့် ပြော ထားတဲ့ စကားလုံးတွေက အရမ်း ကောင်းပါတယ်။ ဒါရိုက်တာက လည်း မိန်းကလေးတစ်ယောက်မို့ လားမသိဘူး၊ အရမ်းကောင်းတာ တွေ့ရတယ်။ အွန်လိုင်းမှာ ကျွန်မ ပြောတဲ့စကားလေးတွေ ပျံ့နေတာ တွေ့ရတယ်။၊ ပြီးတော့ ပရိသတ် တွေကလည်း သဘောကျတယ် ဆိုတော့ အတိုင်းမသိကျေးဇူးတင် ပါတယ်''ဟု ထွန်းအိန္ဒြာဗိုက ပြော သည်။
အဆိုပါဇာတ်ကားကို ဇာတ် လမ်း - ဇာတ်ညွှန်း မိုးနီလွင် ဒါရိုက်တာပွင့်သိင်္ဂီဇော် ရိုက်ကူး ပုံဖော်ထားပြီး သရုပ်ဆောင် ခန့် စည်သူ၊ ခါရာ၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ မုဏ်း၊ ထူးမွန်၊ ဖူးချစ်နဲ့ အခြားအနုပညာ ရှင်များစွာပါဝင်ထားတဲ့ ''Lady Danger - လေဒီဒိန်းဂျား'' ရုပ်ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ ရုံတင်ပြသမည် ဟု သိရသည်။
ယင်းဇာတ်ကားသည် ရိုးသား ဖြူစင်သော မိန်းကလေးတချို့၏ ဘဝကို စိတ်ဓာတ်ရေးရာနိမ့်ပါး သော ယောက်ျားတချို့ကြောင့် ပျက်စီးခဲ့ပုံ၊ ထက်မြက်သည့် အမျိုး သမီးများအနေဖြင့် ထိုသို့သော ယောက်ျားသားများကို ပညာပေး ပုံများ၊အိမ်ထောင်ရှိလျက်နှင့် သစ္စာ ဖောက်ပုံ ၊ နောက်ဆုံး ဒုက္ခရောက် တတ်ပုံများကို ဖော်ညွှန်းပြသထား ကြောင်း သိရသည်။