images
UN
UN
Misfid roof Cafe မွေးနေ့မှာအမှတ်တရအဖြစ် သူငယ်ချင်းတွေနဲ့ရှိချင်လို့ မွေးနေ့ပွဲလေးလုပ်ဖြစ်တာပါဆိုတဲ့သံစဉ်မောင်
သွန်းလေး Sunday, 23 February 2020

မော်ဒယ်သရုပ် ဆောင်သံစဉ် မောင်ရဲ့မွေးနေ့ကိုတော့ ဖေဖော် ဝါရီ ၂၂ ရက်ညက ရွှေဂုံတိုင်မှာ ရှိတဲ့ Misfid roof Cafe မှာ ပြုလုပ် ခဲ့ပါတယ်။
''ညီမအရှေ့မှာလည်းပြဿနာ တွေ စိတ်ညစ်စရာတွေများခဲ့တော့ ဘာပဲဖြစ်ဖြစ်မွေးနေ့မှာအမှတ်တရ အဖြစ် သူငယ်ချင်းတွေနဲ့ ပျော်ပျော် ပါးပါးဖြစ်ချင်တဲ့အတွက် လုပ်ဖြစ် တာဖြစ်တယ်လို့လည်းပြောပါတယ်။
''ညီမကိုပရိသတ်တွေကပြော ကြတယ်။ နာမည်ကြီးချင်တာ လား။ ဖြစ်တုန်းကတော့ မပြော ဘဲ အခုမှပြောတယ်လို့ ပြောကြ တယ်။ ညီမမှာ အကြောင်းအရာ ရှိတယ်။မသိဘဲနဲ့ ဝေဖန်တဲ့သူတွေ ကိုလည်းအပြစ်မပြောပါဘူး။အမှန် တရားတစ်ခုပေါ်လာရင် ညီမကို နားလည်မှာပါ။ အခုလိုဖြစ်တယ် ဆိုတာကလည်း အကျိုးရှိလို့ အကြောင်းပေါ်လာတာလေ။အဲ့ဒီ အတွက် မသိဘဲနဲ့ပြောတာကိုစိတ်မ ဆိုးဘူး။ဒါပေမဲ့ အရမ်းကြီးပြော လာရင်တော့ ညီမစိတ်မကောင်း ဘူး။ဘာပဲဖြစ်ဖြစ်ကိုယ်ချင်းစာစေ ချင်တယ်''ဟုပြောပါတယ်။
ပြဿနာအလုံးစုံမပြီးသေးတဲ့ အတွက် လက်ရှိမှာတော့ရှေ့နေနဲ့ သူမရဲ့ဖခင်မှာကြားထားချက်အရ ယခုကိစ္စနဲ့ပတ်သက်ပြီး အလုံးစုံ ပြောမပြနိုင်သေးပင်မယ့်အချိန်တစ် ခုရောက်ရင်တော့ပရိသတ်သိသွား မှာပါလို့လည်း သူမကဖြေကြား သွားခဲ့ပါတယ်။