images
UN
UN
လူကိုလူချင်း လေနှင့်ရင်း ကျုံးသွင်း မြှူဆွယ်လူ့အန္တရာယ်
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Sunday, 23 February 2020

ယခုတလောအပြောများ ရေပန်းစား နေကြသောသတင်းများမှာ သူတစ်ပါး မယားအဖြစ် ရောင်းစားနေကြသူများကို ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ် အရေးယူ အပြစ်ပေးနေမှုများ ဖြစ်ကြပါ သည်။
''ယုံကြည်မှုလွယ်ကူလွန်းသူများ၊ အားနာမှုလွန်ကဲသူများ၊ အရချောင် အချောင်ရလိုသူများသည် အလိမ်အညာခံ ကြရလေ့ရှိသည်''ဟူသော စကားသည် မှုခင်းလောကတွင် တွင်ကျယ်ထင်ဟပ် နေသောစကားရပ်ဖြစ်သည်။
ရွှေတုချ၍ လိမ်ညာမှုများ၊ အချောင် ဘာရမယ်၊ ညာရမယ်၊ အရချောင်တယ် ဟု မက်လုံးပြ၍ လိမ်ညာမှုများ၊ ချစ်ခင် သနားအကြင်နာပွားအောင် လှည့်ဖြားမာ ယာ တီတီတာတာဖြင့် အားနာလိုက်လျော လာအောင် မြှုံးထောင်ကျုံးသွင်းလိမ်ညာ ခြင်းများ၊ ဖိုးတွမ်တီး၊ ဖိုးအိုစစ် ပုဒ်မ- ၄၂ဝ/၄ဝ၆ မှုခင်းဖြစ်ရပ်မျိုးစုံသည်ကား ရပ်နားသွားခြင်း အလျဉ်းမရှိဘဲခေတ်စနစ် အလိုက်တစ်သွားတည်းသွားနေပါသည်။
စေ့စေ့တွေး၊ ရေးရေးပေါ်ဆိုသလို ဖော်ပြပါစကားသည် မှုခင်းလောက၏ လက်သုံးစကားဆိုသော်လည်းစီးပွားရေး၊ လူမှုရေး၊နိုင်ငံရေးလောကများတွင်လည်း အလားတူအလိမ်အညာခံရမှုများ မြောက် မြားစွာရှိနေကြလေရာ စာရေးသူကတော့ ထိုစကားရပ်ကို အမြဲတမ်း မှန်ကန်နေ သော 'ပရမတ္ထသစ္စာ' စကားဟု စွဲမြဲစွာ သတ်မှတ်ထားပါသည်။
ဤနေရာတွင် 'လူကိုလူချင်း လေ နှင့်ရင်း၍ ကျုံးသွင်းမြှူဆွယ် ရောင်းဝယ် ဖောက်ကား လူကုန်ကူးစားနေကြသော ဒုစရိုက်သမားများ' အကြောင်းကို မီး မောင်းထိုးပြရင်း ဆောင်ဖွယ်ရှောင်ဖွယ် များကို မျှဝေပေးလိုပါသည်။
ပထမဦးစွာ 'သမီးရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်သော လူကုန်ကူးမှု တစ်နည်းအားဖြင့် လူမှောင်ခိုမှုများ' ထဲမှတကယ့်ဖြစ်ရပ်မှန်သာဓကအချို့ကို ကောက်နုတ်တင်ပြပါမည်။
၂ဝ၁၁ခုနှစ် ဧပြီလအတွင်းက ရှမ်း ပြည်နယ် မိုင်းကိုင်မြို့နယ် မ---(၂ဝနှစ်) ကို သီပေါမြို့နယ်နေ စိုးသူက လက် ထပ်ထိမ်းမြားပါမည်ဟု လူကြီးစုံရာနှင့် ပြောဆိုတောင်းရမ်းခေါ်ဆိုသွားပြီး တစ် ရွာတည်းနေ စိုင်းထွန်းကျော်၊ ချစ်ထွေး တို့နှင့်ပူးပေါင်းကာ မူဆယ်မြို့မှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံထဲသို့ ခေါ်ဆောင် သွားခဲ့ကြသည်။ ထို့နောက် အခြားသူ တစ်ယောက်အားတစ်ပါး သူမယားအဖြစ် ရောင်းစားခဲ့ကြရာ အချိန်မီ ကယ်တင်နိုင် ခဲ့ပါသည်။
၂ဝ၁၁ ခုနှစ် မေလပိုင်းကလည်း လားရှိုးမြို့နေ မ-----(၁၉နှစ်)သည် ကျောက်မဲမြို့မှာအလုပ်သွားလုပ်နေရင်းက ပျောက်ဆုံးသွားသဖြင့် မိခင်က လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ စန်းသီ(ခ)အောင်လှိုင် ဝင်းက မ---ကို သမီးရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ပြီး လူကိုလူချင်း လေနှင့်ရင်းသည့် လူပွဲစားများမှ တစ်ဆင့် အခြားနိုင်ငံသားတစ်ဦးထံ တရုတ်ယွမ် ၁၅ဝဝဝ ဖြင့် ရောင်းစားထားကြောင်း သိခဲ့ရသည်။ နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်း ဆက် သွယ်ပြီးပြန်လည်ကယ်ဆယ်ခဲ့ရပါသည်။
ပြန်လည်ကယ်တင်နိုင်ခြင်းမရှိဘဲ နိုင်ငံခြားသား မယားဖြစ်သွားကြသူများ၊ ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာဖြစ်သွားကြ သူများ၊ လူဖြစ်ရှုံးသွားကြသူများ များစွာ ရှိနေကြပါသည်။ မိန်းကလေးများအနေ ဖြင့် ချစ်ဟန်ဆောင်နေကြသော ချစ်သူ ရည်းစားများကို ယုံမှတ်ပြီး ဘဝကိုပုံမ အပ်ကြပါနှင့်ဟု သတိပေးချင်ပါသည်။ စောင့်စည်းထိန်းသိမ်းကြရေးအတွက် အလေးအနက်သတိထားနေရကြရပေ မည်။ 'အချစ်ကိုယုံ ပုံပါနဲ့အလုံး'ဟူသော တေးသွားသည် လူမှောင်ခိုပွဲစားများ၏ အန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် လှုံ့ ဆော်ပေးနေသည့် လှုံ့ဆော်တေးဖြစ်နေ လေပြီ။ ဒုတိယအမျိုးအစားဖြစ်သော ''ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူကုန်ကူးသူ များအား ဖမ်းဆီးခြင်းနှင့် လူကုန်ကူးခံ ရသူများအား ကယ်တင်ခြင်း'' မှုခင်း များထဲမှ ဖြစ်ရပ်မှန်မှုခင်းများကို ဆန်း စစ်လေ့လာ သုံးသပ်ကြည့်ခဲ့ရာ လူကုန် ကူးမှုစုစုပေါင်း၏ ရာခိုင်နှုန်း ၇ဝ မှာ အိမ်နီးချင်းနိုင်ငံများတွင် အဓမ္မလက်ထပ် ထိမ်းမြားစေမှုများ၊ သက်မဲ့ကုန်ပစ္စည်း များကဲ့သို့ အဆင့်ဆင့် ရောင်းစားနေမှု များပင် ဖြစ်ပါသည်။
မြန်မာ၊ တရုတ်နယ်စပ်၊ မူဆယ်မြို့ မှတစ်ဆင့်၊ ကျယ်ဂေါင်နှင့် ရွှေလီမြို့ရှိ လူကုန်ကူးသူ လူပွဲစားများက အုပ်စုဖွဲ့ ကာ မြန်မာမိန်းကလေးများကို ရောင်း ဝယ်နေကြပါသည်။ မူဆယ်မြို့နှင့် ခြံ စည်းရိုးသာ ခြားထားသော ကျယ်ဂေါင် နှင့် ရွှေလီသည် စာရေးသူတို့နိုင်ငံမှာ နွား အရောင်းအဝယ် ဈေးလုပ်နေကြသည့် ''နွားပွဲ''များကဲ့သို့ ''လူပွဲဈေးကွက် များ''ဖြစ်နေကြပါသည်။
၂ဝ၁၁ ခုနှစ် ဧပြီလအတွင်းက လားရှိုးမြို့နေ မအေးသည် တစ်မြို့တည်း နေ မ....(၂၇)နှစ်နှင့် မ...တို့နှစ်ဦးကို အိမ်နီးချင်းနိုင်ငံသားနှင့် လက်ထပ်ယူ ကြပါက ငွေများများရမည်ဟု မက်လုံး ပေး ကျုံးသွင်းခေါ်ဆောင်သွားခဲ့ပြီး ကျယ်ဂေါင်ရှိ မျိုးဝင်း၊ နန်းမြသန်း(ခ) မရှမ်းမနှင့် ဒေါ်မြအေးတို့အဖွဲ့နှင့် ပူး ပေါင်းကာ လူပွဲစားများနှင့် ဆက် သွယ်ခဲ့ကြသည်။
ဆက်သွယ်ခ(ပွဲခ)တစ် ဦးလျှင် ယွမ်ငွေ ၁ဝဝဝ မြန်မာငွေ ကျပ်နှစ်သိန်းစီ (ထိုအချိန်က ဈေးနှုန်း) ဖြင့် ရောင်းစားခဲ့ကြသည်။ ရာဇဝတ် ဘေး ပြေးမလွတ်ဆိုသည့်နှယ် တရားခံ အားလုံးကို ဖမ်းဆီးရမိခဲ့သည်။ လူကုန် ကူးသူ ၁၈ဦးက ဂိုဏ်းဖွဲ့ပြီး ခုနစ်မှု ကျူး လွန်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။ လူကုန် ကူးခံရသူ အမျိုးသမီး ၁ဝ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပါသည်။
အလားတူ ရင်နင့်ကြေကွဲဖွယ် ကောင်း သော နိုင်ငံခြားသား မယားအဖြစ် ရောင်းစားခံရသူများ၊ ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရသူ များ၊ ငွေဝယ်ကျွန်များအလား၊ ရောင်း စားခံရသူများ၊ တစ်နေ့တခြား များပြား လာသောအခါ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့သည် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းပြီး ကြိုတင်ကာကွယ်တားဆီး သည့်အနေဖြင့် ပညာပေးဟောပြောပွဲများ ကျင်းပခဲ့သည်။ လက်ကမ်းစာစောင် များ၊ ဗီဒီယိုခွေများ၊ ပညာပေးဇာတ် လမ်းများ၊ သီချင်းခွေများ၊ စတေကာများ ဖြန့်ဝေကာ၊ လှုံ့ဆော်သတိပေးနေခဲ့သည်။ Bill Board တွေ၊ ပိုစတာတွေ၊ ဗီနိုင်း တွေကိုလည်း လူစည်ကားသော ဘူတာ ရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ ဆိုင်ကယ်၊ ဆိုက်ကားဂိတ်များတွင်စိုက်ထူပေးထားကြ ပါသည်။ လူအများလူကုန်ကူးမှုအန္တရာယ် များကိုသိရှိနားလည်နေကြပါက ကြိုတင် ဆင်ခြင်ရှောင်ကြဉ်နိုင်ကြပေလိမ့်မည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ လူထုအသိပညာပြန့်ပွားစေ ရေးအတွက် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အသင်းအဖွဲ့များမှ ပညာရှင်များ ကို ဖိတ်ကြားပြီး ရှင်းလင်းတင်ပြကာ လူထုထံလှုံ့ဆော်ပေးရန် အကူအညီ တောင်းခံခဲ့ပါသည်။ ထိုသို့အကူအညီ တောင်းခံခဲ့ရာ၌ စီဒီခွေများဖြင့် မှတ်တမ်း တင်ထားသော လူကုန်ကူးခံရသူများ၏ ဖြစ်ရပ်မှန်များကိုပါ ပြသရှင်းလင်းတင် ပြခဲ့ပါသည်။
''Enstaved'' စီဒီခွေထဲတွင် အဆို တော် R ဇာနည်၏ နောက်ခံစကားပြော နှင့် မိန်းကလေးနှစ်ယောက်၊ ယောက်ျား လေးတစ်ယောက် ပေါင်းသုံးယောက်တို့ ၏ လူကုန်ကူးခံရပုံများကို ကာယကံရှင် များကိုယ်တိုင်က ဖွင့်ဟရှင်းပြထားရာ စာနာသနားဖွယ်ကောင်းလှပါသည်။ သူ တို့လို လူကုန်ကူးမခံကြရစေရန် အရှက် ကိုမငဲ့ကွက်ကြဘဲ ဖွင့်ဟဝန်ခံသွားကြ သည်မှာ ချီးကျူးဂုဏ်ပြုသင့်လှပါပေ သည်။
လာအိုနိုင်ငံမှ ''ဆာဗာနာ''ဆိုသူ မိန်းကလေးသည် မိသားစုဆင်းရဲကျပ် တည်းလွန်းမှုဒဏ်မှ လွတ်ကင်းစေရေး အတွက် ကယ်တင်ရန်အကြံဖြင့် ဝင်ငွေ ကောင်းမည့်အလုပ်ကို ရှာဖွေရင်း လူပွဲ စားများ၏ ဖြားယောင်းသွေးဆောင်မှုကို ခံခဲ့ရသည်။ ထိုင်းနိုင်ငံထဲရှိ အိမ်ကြီး တစ်အိမ်ထဲမှာအခန်းပိတ်လှောင်ထားခံခဲ့ ရသည်။ အိမ်သာဆေးကြောသည့်အလုပ် က အစ အလုပ်ကြမ်းမှန်သမျှ လုပ်ကိုင် ပေးနေခဲ့ရသည်။ မည်သူနှင့်မျှ ဆက် သွယ်ခွင့်မရဘဲ (၁၆)နှစ်ကြာ ငွေဝယ်ကျွန် ဘဝဖြင့် နေခဲ့ရသည်။ တစ်နေ့မှာတော့ ''ဆာဗာနာ''က အိမ်ရှင်များ၏အလစ် တွင် လက်လှမ်းမီရာ စာရွက်ပေါ်မှာ ''ကူညီကြပါ''ဟု ရေးသားပြီး ထိုစာ ရွက်ကို ခဲတစ်လုံးဖြင့် ပတ်ကာ လမ်း ပေါ်သို့ပစ်ချခဲ့ရာ ကူညီကယ်တင်မည့် သူပေါ်ပေါက်လာသောကြောင့် လွတ် မြောက်ခဲ့ရပါသည်။
ဧရာဝတီတိုင်းဒေသကြီးထဲမှ ဆင်းရဲ ကျပ်တည်းလွန်းမှုဒဏ်မှ လွတ်ကင်းစေ ချင်သော အိမ်ထောင်ရှင်မိန်းကလေး ''ကြည်ကြည်''သည် မန္တလေးမှာ လခ ကောင်းကောင်းရမည်ဟူသော မက်လုံးပြ ကျုံးသွင်းခေါ်ဆောင်မှုကြောင့် လိုက်ပါ လာခဲ့ရာမှ မူဆယ်မြို့မှတစ်ဆင့် ရွှေလီမြို့ တွင် အိမ်နီးချင်းနိုင်ငံ၏ မယားအဖြစ် ရောင်းစားခံခဲ့ရသည်။ ကျောချမှ ဓားပြ မှန်းသိသွားသောကြည်ကြည်က တရုတ် မယားအဖြစ် လုံးဝလက်မခံသောအခါ ထိုမိသားစုကရိုက်နှက်ညှဉ်းဆဲကြသည်။ရရှိဒဏ်ရာများကိုလည်း ဆေးကုပေးခြင်း မရှိကြဘဲ နံနက် ၆နာရီမှ ညနေ ၆နာရီ အထိ လယ်ထဲဆင်းစေပြီး အလုပ်ကြမ်း မျိုးစုံကို လုပ်ခိုင်းကြသည်။ တစ်နှစ်ခန့် အကြာတွင် ကြည်ကြည်သည် အလုပ်ရှင် မိသားစုအလစ်မှာ ထွက်ပြေးလွတ် မြောက်ခဲ့ရပါသည်။ ကြည်ကြည်၏ ယောက္ခမများက ချွေးမကြည်ကြည်ကို မသတီကြတော့ဘူးဟု ပြောဆိုငြင်းပယ် ခဲ့ကြသော်လည်း ကြည်ကြည်၏ ခင်ပွန်း ဖြစ်သူက အောက်သို့ပြုတ်ကျသွားသော ဟင်းဖတ်ကို ရေဆေးပြီး စား၍ရသည့် နှယ် ကြည်ကြည်ကိုလည်း ကြည်ဖြူစွာ ပေါင်းသင်းပါမည်ဟု ဝန်ခံကတိပြုကာ ပြန်လည်ပေါင်းသင်းခဲ့ပါသည်။
မွန်ပြည်နယ်သားလေး ''ကိုမင်းမင်း'' သည် ထိုင်းနိုင်ငံထဲတွင် ရော်ဘာအစေး ခြစ်လုပ်ငန်းကို ရိုးသားစွာလုပ်ကိုင်နေသူ ဖြစ်သည်။ တစ်နေ့ နေ့လယ်ဘက်တွင် အလုပ်ပင်ပန်းလွန်းသောကြောင့် အိပ် ပျော်နေစဉ် ထိုင်းအမျိုးသားသုံးဦးက သူ့ ကို အတင်းအကျပ်တုပ်နှောင်၊ မျက်နှာ ကိုပိတ် ကားပေါ်တင်ခေါ်ဆောင်သွားကြ ပြီး ငါးဖမ်းသင်္ဘောမှာ ရောင်းစားခဲ့ကြ သည်။
ပင်လယ်ထဲမှ စက်လှေပေါ်မှာ ပိုက်ခါရသည့်အလုပ်မှာ သေမင်းနှင့်စစ် ခင်းရသည့်ပမာ အလွန်ပင်အန္တရာယ်များ လှသည်။ လေးလက်မ သာကျယ်သည့် စက်လှေပေါင်ပေါ်မှာ ခြေနင်းလုပ်ရသည့် အတွက် ခြေချော်ပြီး ပင်လယ်ထဲသို့ ကျ သွားပါက သေဆုံးကြလေ့ရှိသဖြင့် စိတ် တထင့်ထင့်ဖြင့် အသက်ကိုရင်းပြီးလုပ်ခဲ့ ရသည်။ လုပ်ခလည်းမရခဲ့ဘဲ ငွေဝယ် ကျွန်အဖြစ် ခိုင်းစေခြင်းကို ခံခဲ့ရသည်။
ခြောက်လခန့်အကြာမှာ ဆိပ်ကမ်းသို့ ပြန် အရောက်တွင် အလုပ်သမားခေါင်းနှင့် အလုပ်သမားများ အချင်းများပြဿနာဖြစ် ပွားနေချိန်တွင်''ကိုမင်းမင်း''ထွက်ပြေး လွတ်မြောက်လာခဲ့ပါသည်။ခေတ်သစ်ကျေးကျွန်စနစ်၏ သားကောင် များဖြစ်ခဲ့ကြသော သူတို့သုံးယောက်၊ ခံစား ခဲ့ရသည်ထက် လောကငရဲခံစားခဲ့ရသူများ က ပိုမိုများပြားနေပါသည်။ ငွေရှင်ကြေး ရှင်များ၏လိုအင်ဆန္ဒကို မလိုက်လျောကြ ပါက မြေအောက်ခန်းများထဲတွင်ြ<ွကက် စာကျွေးခြင်း၊ ရေကန်များထဲတွင် မျှော့ စာကျွေးခြင်း၊ အစာအာဟာရဖြတ်တောက် ထားခြင်းစသည်ဖြင့် ရက်စက်မှုအပေါင်း သရဖူဆောင်းနေကြပါသည်။တကယ့်လက်တွေ့ဖြစ်ရပ်များသည် စိတ်ကူးယဉ်ဝတ္ထုဇာတ်လမ်းများထက်ပင် ဆန်းပြားနေကြသည်ကို လူကုန်ကူးမှုဖြစ် စဉ်များတွင် ကြုံတွေ့နေကြရပါသည်။ ခေတ်ပညာတတ်ရှေ့နေမလေးတစ်ယောက် နှင့်အရာရှိကတော်တစ်ယောက် ယုံကြည် မှုလွယ်ကူလွန်းသောကြောင့် သူတို့ဘာမျှ မသိလိုက်ကြဘဲ ရောင်းစားခံကြရတော့ မှ လူကုန်ကူးခံရသည်ကို သိခဲ့ကြရ သည်။မူလတန်းပြဆရာမလေးတစ်ယောက် ကတော့ လစာကောင်းကောင်းရချင်သော ဇောဖြင့် လူမှောင်ခိုပွဲစား၏ လှည့်ဖြားမှုဝဲ ဂယက်ထဲ မျောပါသွားခဲ့ရာ ကံကောင်း၍ ကယ်တင်သူပေါ်လာပြီး နေရပ်သို့ပြန်လည် ရောက်လာခဲ့သည်။ ထိုဆရာမလေးက သူ့လိုခေတ်သစ်ကျေးကျွန်စနစ်၏ သား ကောင်မဖြစ်အောင် ရှောင်ကြဉ်ကြစေလို ကြောင်း၊ လူကုန်ကူးမှုပညာပေးဟောပြော ပွဲများတွင် အရှက်ကိုပဓာနမထားဘဲ လှုံ့ ဆော်ဟောပြောနေပါသည်။
ထိုမြန်မာ မိန်းကလေးကိုယ်ဝန်ရှိလာ ပါက ပြန်လွှတ်ပေးလေ့ရှိသည်။ တချို့က လည်း ပြန်လွှတ်ပေးလေ့မရှိကြောင်း သိရ သည်။ ငွေကြေးမရကြဘဲ အိမ်နီးချင်း နိုင်ငံသားများ၏ မယားများ၊ သွေးသား ကစားစရာများ၊ ပျော်တော်ဆက်များဘဝ ရောက်အောင် ပို့ဆောင်ပေးနေကြသည့် အမျိုးသားသစ္စာဖောက်လောက်ကောင် လူပွဲစားများကို တစ်သက်တစ်ကျွန်းပြစ် ဒဏ်ချမှတ်ခြင်းအစား မသေမချင်းလည် ပင်းကြိုးကွင်းစွပ်သတ်စေဟုသာ အမိန့် ချမှတ်သင့်ပါသည်။ခေတ်သစ်ကျေးကျွန်စနစ်၏ သား ကောင်များ၊ လောကငရဲခံနေကြရပုံကို လှုံ့ဆော်ပညာပေးနေသည့်ကြားမှ မိဘ အရင်းက သမီးအရင်းကို၊ အဘွားအရင်း က မြေးအရင်းကိုရောင်းစားမှုများ ပေါ် ပေါက်လာသောအခါ ကမ္ဘာမီးလောင် သားကောင်ချနင်းသည့်ကိန်းဆိုက်လာပြီ ဟုဆိုသူက ဆိုလာကြပါသည်။ စာရေး သူကတော့ ထိုအဆိုကို လက်မခံချင်ပါ။ ဇနီးက ပြည့်တန်ဆာလုပ်နေသည်ကို ထိုင်စားနေသောခင်ပွန်းက သမီးပါ ပြည့် တန်ဆာဖြစ်လာသောအခါ ပြဿနာမရှာ ဘဲ စားမြဲသောက်မြဲပုံမှန်အနေအထားမှာ ပဲရှိနေပါသည်။ ထိုသို့သောလူ့အန္ဓများ ကား ပြည့်တန်ဆာခေါင်းများနှင့် မခြား သောကြောင့် လူကုန်ကူးမှုလောက်ကို စာဖွဲ့နေကြမည်မဟုတ်ပေ။
လူတွေ၏လောဘမီး၊ မောဟမီး၊ တဏှာ၊ ကာမရာဂမီးများကသာ လူတွေ ကိုလောင်မြိုက်နေလေရာ ဟီရိသြတ္တပ္ပဟူ သော အရှက်အကြောက်တရားနှစ်ပါးမရှိ ကြတော့ဘဲ တိရစ္ဆာန်များနှင့်မခြား၊ လူ့အသိÓဏ်ခေါင်းပါးလာကြပါတော့ သည်။ ယနေ့လူကုန်ကူးနေကြသော အမျိုးသားသစ္စာဖောက်လောက်ကောင် လူပွဲစားများသည် လူ့အသိÓဏ်ခေါင်း ပါးသူများဖြစ်ကြသောကြောင့် စာနာစိတ်၊ ညှာတာစိတ်မရှိကြတော့ဘဲ ဘယ်သူ သေသေ ငတေမာရင်ပြီးရော လောဘ ဇောကပ်ကာငါတကောလုပ်ပြီး ယုတ်မာ စွာ ကိုယ်ကျိုးရှာနေကြပါသည်။
လူကုန်ကူးမှုအန္တရာယ်ကို သိကြသူ တိုင်းသည် လူကုန်ကူးမည့်အရိပ်အခြည် များကို မြင်တွေ့ကြားသိကြပါက လူ ကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ခွဲ အဆင့်ဆင့်သို့ လျင်မြန်စွာသတင်းပို့ ကူညီကြစေချင်ပါသည်။ သတင်းပေး ကူညီမှုများကြောင့်လူကုန်ကူးမှုအန္တရာယ် မှ ကယ်တင်နိုင်မှုများမြောက်မြားစွာရှိ ပါသည်။
စာရေးသူတို့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်ပညာရှင်များနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်း အဝေးကျင်းပနေစဉ် မြန်မာမိန်းကလေး ၁၄ယောက် မလေးရှားသို့ရောက်သွား ခဲ့ကြပြီး သုံးလအကြာမှာ အလုပ်ရှင်က ဒေဝါလီခံလိုက်သောကြောင့် အလုပ် လက်မဲ့ဖြစ်ကုန်ကြပြီး ကူကယ်ရာမဲ့ ဘဝများသို့ ရောက်နေကြကြောင်း၊ ကြာလျှင် ပြည့်တန်ဆာများဖြစ်ကုန် ကြမှာကို စိုးရိမ်နေရကြောင်း မိန်း ကလေးတစ်ဦး၏မိခင်တစ်ဦးက ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းခံလာခဲ့ရာ ထိုအချိန်က လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ရဲမှူးချုပ်ခင်မောင်စီက ချက်ချင်းပင် ကုမ္ပဏီနာမည်ကိုစုံစမ်းပြီး မလေးရှား ရဲတပ်ဖွဲ့နှင့်ဆက်သွယ်ညှိနှိုင်းခဲ့ရာ အဆင် ပြေသွားခဲ့ပါသည်။
ထိုဖြစ်ရပ်ကိုကြည့်ပြီး စာရေးသူတို့ အားလုံးပြုံးပျော်ပီတိဖြစ်သွားခဲ့ကြရပါ သည်။ ရိုက်စားလုပ်နေကြသော(တစ် နည်းအားဖြင့်)လူကုန်ကူးမှုခွင်ကို ဖန်တီး နေကြသော ကုမ္ပဏီအမည်ခံများလည်း ရှိနေပါလား။ ခေတ်သစ်ကျေးကျွန်စနစ် အတွက် သားကောင်ရှာဖွေနေကြသူတွေ များပြားနေပါလား ဟူသော အသိကို လည်း ရခဲ့ကြပါသည်။
အချုပ်