images
UN
UN
လှည်းကူးမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား နေအိမ် ၁၈လုံးဆုံးရှုံး
နိုင်လင်း(လှည်းကူး) Sunday, 23 February 2020

ရန်ကုန်မြောက်ပိုင်းခရိုင်လှည်း ကူးမြို့နယ် ဒါးပိန်တောင် ကျေးရွာ တွင် ယမန်နေ့မွန်းလွဲ ၂ နာရီ မိနစ် ၅ဝခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၈ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၂နာရီ မိနစ် ၅ဝ က ဒါးပိန်တောင် ကျေးရွာ ဂျပန်လမ်းပိုင်းနေဦးသူရ ဌေး(၂၃နှစ်)နေထိုင်သော ဓနိမိုး၊ ထရံကာတဲအိမ်ရှိ နေအိမ်မီးကြွင်း မီးကျန်မှတစ်ဆင့် စတင်မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်မှုဖြစ် ပွားရာသို့ ဒါးပိန်နယ်မြေရဲစခန်းမှူး ရဲအုပ်ကိုလတ်ဦးစီး ရဲတပ်ဖွဲ့ဝင် ၁၁ဦး၊ လှည်းကူးမြို့နယ်မီးသတ် ဦးစီးဌာနမှဒုဦးစီးမှူးဦးတင်မျိုးလွင် ပါ၁၆ဦးကမီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ဒါးပိန်မီးသတ်စခန်းမှလက်ထောက် ဦးစီးမှူး ဦးချစ်သန်းပါ ခုနစ်ဦးက မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ထောက် ကြန့်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီးတို့နှင့်အတူ ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်ရွာသူရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာဝါးအိမ် ၁၅လုံးနှင့် သွပ် မိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ်သုံးလုံး ပေါင်း နေအိမ် ၁၈လုံး မီးလောင် ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး မှာ ငွေကျပ် ၁၉၈၇၅ဝဝ ဖြစ် ကြောင်း၊ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များရှိ အိမ်ထောင်စု ၁၈စုမှ ကျား၃၆ဦး၊ မ ၃၆ဦး၊ ပေါင်း၇၂ ဦးတို့မှာ အနီးဝန်းကျင်ရှိ ၄င်းတို့၏ ဆွေမျိုးများထံ ပြောင်းရွေ့နေထိုင်ခဲ့ ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက် ၍ မီးအားပေါ့လျော့စွာ အသုံးပြု ခြင်းကြောင့် ပတ်ဝန်းကျင်ရှိနေအိမ် များအား မီးလောင်ကျွမ်းစေခဲ့သူ သူရဌေးအား ဒါးပိန်နယ်မြေရဲစခန်း က ဥပဒေအရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။