images
UN
UN
ယဉ်ကျေးမှုအသိ အားနည်းခြင်း
ခြိမ့်နိုင် Sunday, 23 February 2020

ယဉ်ကျေးမှုဟုဆိုရာ ကိုယ်အမူအရာ အပြောအဆို၊ နှုတ်ထွက်စကား၊ စိတ် စေတနာတို့နှင့် ဆက်စပ်လာသမျှ အများ သူတစ်ပါးအပေါ် စိတ်အနှောင့်အယှက် မဖြစ်စေခြင်း အမြင် အကြား အရာမှာ အဆင်ပြေ ကြည်လင် သာယာမှုဖြစ်စေ ခြင်း မိမိလုပ်ရပ်ကြောင့် သူတစ်ပါးမှာ အခက်အခဲ မဖြစ်စေခြင်း စသည်တို့မှာ ယဉ်ကျေးမှုရှိသော သူတို့၏ ပတ်ဝန်း ကျင်မှာ ပြည့်စုံပါသည်။ မယဉ်ကျေး သော သူတို့မှာ မိမိကြောင့် သူတစ်ပါး ဘာဖြစ်ဖြစ် ဂရုမစိုက်တတ်သလို မိမိ လုပ်ရပ်ကြောင့် သူတစ်ပါး အနှောင့် အယှက်ဖြစ်ရ၊ အခက်အခဲ ဖြစ်ရသည် ကိုပင် စာနာအားနာမှု ဖြစ်ရမည့် အစား အားရကျေနပ် နေလိုက်ကြသေး၏။
အလွန်အောက်တန်းကျ သော လူရိုင်း တို့၏ လက္ခဏာပင်ဖြစ်ပါသည်။
လွန်ခဲ့သောရက်က သမီးတို့အိမ် (ရန်ကုန်)သို့ ရောက်စဉ် သားအကြီးနှင့် သားငယ်တို့က လက်ဖက်ရည်သောက် ထွက်မည်ဆို၍ လိုက်သွားမိ၏။
လက်ဖက်ရည်ဆိုင်တွင် ထွေရာ လေးပါး စကားပြောနေစဉ် တစ်ဖက် စားပွဲဝိုင်းမှ ဆေးလိပ်သောက်သောအငွေ့ က လေထဲမှပျံ့လာသည်။ စာပေထဲတွင် ဖတ်မိဖူးသော ဗဟုသုတအရ တစ်ဆင့်ခံ ရှူမိသော ဆေးလိပ်ငွေ့သည် တကယ် သောက်သောသူထက် ပို၍ ထိခိုက်သည်၊ ပြင်းထန်သည်ဟု သိထား မှတ်ထားမိ သောကြောင့် ထိုတစ်ဖက် စားပွဲဝိုင်းမှ ပျံ့လာသော ဆေးလိပ်ငွေ့ကို လက်ဖြင့် မသိမသာကာပြီး ယမ်းထုတ်မိသည်။
တစ်ဖက်က ဆေးလိပ်သောက်သူ ကလည်း သိပုံရသည်။ ကြည့်နေပြီး မျက်နှာက အားနာပုံမရ၊ သဲလွန်းပိုလွန်း တယ်ဟု အမြင်ကတ်ပုံဖြင့် တခြား လက်ဖြင့် ကိုင်ထားသော ဆေးလိပ်ကို စာရေးသူတို့ စားပွဲဝိုင်းဘက်ကပ်သော လက်သို့ ပြောင်းကိုင်လိုက်ပြီး ပို၍ပင် ဆေးလိပ်ကိုဖွာထုတ်လိုက်သေး၏။ ရိုင်း ပျလွန်းလှ၏။
ထိုအခါ စာရေးသူတို့ သားအဖ လက်ဖက်ရည် အမြန်သောက်ပြီး စကား ပြောရပ်ကာ ငွေရှင်းပြီး ထွက်လာခဲ့ရ၏။
မိမိ လုပ်ရပ်ကြောင့် သူတစ်ပါးကို မရည်ရွယ်ဘဲ အနှောင့်အယှက်ဖြစ်လျှင် တောင် သိလျှင် ဆင်ခြင်ရပါမည်။ နောက် တောင်းပန်ဖို့ အခွင့်သင့်လျှင် တောင်းပန် ရပါမည်။ ယဉ်ကျေးမှုရှိသူတို့၏ ဓလေ့ စရိုက်ပင်ဖြစ်ပါသည်။
တစ်ခါက စာရေးသူတို့ နေထိုင်ရာ ရပ်ကွက်ထဲတွင်ဖြစ်သည်။ ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာဖြစ်၍ မိမိအဝန်းအဝိုင်းထဲ နေသည်ဖြစ်သော်လည်း ပတ်ဝန်းကျင်မှာ လူစုံ ဘဝစုံ စရိုက်စုံ ဖြစ်သည်။


တစ်နေ့ညနေ သူတို့ အလုပ်သိမ်း လျှင် အပမ်းဖြေ ယမကာ မှီဝဲကြသည်။ ပြီးလျှင် အချင်းချင်း စကားများ ရန်ဖြစ် ချင်ဖြစ်မည်။ သို့မဟုတ်လျှင် အိမ်က လိုက်လာသော အိမ်သူနှင့် ရန်ဖြစ်ရင်ဖြစ် မည်။ ဘယ်သူနဲ့မှမဖြစ်လျှင် လမ်းမ ပေါ်တွင် ယိမ်းယိုင်အော်ဟစ် ပြောစကား တွေကြောင့် ခွေဟောင်မိပါလျှင် ထိုခွေး ကို ရန်လုပ်မည်။ သတ်မည် ဖြတ်မည် ကြိမ်းမောင်းပေလိမ့်မည်။
ထို့နောက် ခွေးမွေးသူကိုပါ စိန်ခေါ် ရန်စပေမည်။ ထိုအခါမှ ရပ်ကွက်မှ ရန် မဖြစ်ချင်လို့ ပြဿနာ မဖြစ်ချင်လို့ ဘာမှ မပြောပါက တစ်လမ်းလုံး စိန်ခေါ်ပြီး ဆဲပေတော့မည်။
ဘယ်သူ့ကိုမှ တိတိကျကျ ဆဲတာ မဟုတ် ခြုံငုံပြီး ပတ်ဆဲတာဖြစ်သည်။ ထို့ကြောင့် ဘယ်သူမှ အကုသိုလ်အဖြစ် မခံချင်၍ တုယှဉ် မပြောကြ။ ဒါကိုပင် ထိုအမူးသမားက ဟုတ်လှပြီ ထင်နေ ကြ၏။ ဒါ မယဉ်ကျေးသူတို့၏ အကျင့် စရိုက်ဓလေ့ပင် ဖြစ်ပါသည်။
ဘဝင်မတွေ့၊ သဘာဝမကျတာတွေ ဖြည့်စွက်တင်ပြချင်ပါသေးသည်။ ယနေ့ တွင်တွင်ကျယ်ကျယ်ဘ ပေါ်တွင် ရေး သားနေကြသည့် အကြောင်းအရာ အချို့ ပင်ဖြစ်ပါသည်။
စာရေးသူတင်ပြရာတွင် လူပုဂ္ဂိုလ် အသင်းအဖွဲ့ ဘယ်သူဘယ်ဝါ မရည် ညွှန်းပါ။ ထိုပတ်သက်ရာများနှင့်လည်း ဘာမှ အတိုက်အခိုက် မကျေနပ်မှု မရှိပါ အချစ်အမုန်း ရန်ဘက် မရှိပါကြောင်း ကြိုတင် ဖွင့်ဟချင်ပါသည်။ ဒါလည်း မကျေနပ်က ဆဲလိုက ဆဲပါ။ ဘာမှ တုံ့ပြန်မည် မဟုတ်ပါ။ ထိုသူတို့၏ ယဉ် ကျေးမှု အဆင့်အတန်းအရပဲလေဟု ခွင့် လွှတ်ပါသည်။
လိုရင်း တင်ပြရသော်ဘ ပေါ်တွင် တချို့ရေးသားချက်များသည် အကြောင်း အရာ တစ်ခုခုကို တစ်စုံတစ်ယောက်က တင်ပြလိုက်သည်။ ဆိုပါစို့။ ထိုတင်ပြ ချက်သည် တင်ပြသူက ဘာဆိုလိုသည် ကို သေချာရေရာ မဖတ်၊ မတွေးကြ။
နောက် ထိုတင်ပြချက်သည် အမှန်လား၊ အင် သတင်းအကြောင်းအရာလား၊ ပုံတွေ ကလည်း ဖန်တီးပြုလုပ်ထားသလား မသိ။
ကိုယ်မြင်ရာအပေါ် တလွှဲတွေးပြီး ကိုယ် ပုတ်ခတ် တိုက်ခိုက်လိုသော အဖွဲ့ အစည်း ပုဂ္ဂိုလ်ကို နောက်ကြောင်းပြန်ပြီး ထိုးနှက် ရေးသား ဆဲဆိုပါလေရော။ ဥပမာ နိုင်ငံရေး အသိုင်းအဝိုင်းက ယခင် တာဝန်ကြီးကြီး ထမ်းခဲ့ဖူးသူက သူ ယုံကြည်ရာ၊ သူနှစ်သက်ရာ ပါတီကြီး တစ်ခုအတွက် စည်းရုံးရေးပြုမည် ဆိုသည့် သတင်း ထွက်လာခဲ့ရာ ဝိုင်းဝန်း ဝေဖန်ကြ၊ တိုက်ခိုက်ကြ၊ အပြစ်ဖွဲ့ အပုတ် ချကြ အလွန်စိတ်ပျက်စရာတွေ့ရ၏။
ဒီမိုကရေစီကို ရေငတ်သလို အငမ်း မရ ပြောဆိုနေသူတွေ စဉ်းစားသင့်သည်။ သင် လက်မခံတာကို လက်ခံရမည်ဟု မဆိုလိုပါ။ သင် မကြိုက်တာကို ကြိုက် ပါလို့ မပြောလိုပါ။ သင် လက်ခံချင် တာကို လွတ်လပ်စွာလက်ခံနိုင်ပါသည်။
သို့သော် သူတစ်ပါး၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကိုမူ ထိပါး ဝေဖန် ထိုးနှက်တိုက်ခိုက်စကားများ မပြောသင့်၊ အမုန်းစကားများ မရေးသား သင့်ဟု ထင်မြင်ယူဆမိပါသည်။ ထိုသို့်ဘ ပေါ်တွင် လော်ဘီလုပ် ရေးသား ထိုး နှက်ခြင်းသည် ဒီမိုကရေစီ ယဉ်ကျေးမှု စံနှင့်မကိုက်ဟု မြင်ပါရဲ့လား။ မိမိ ကိုယ် တိုင်ရော လူ့ယဉ်ကျေးမှု ဓလေ့နှင့် သိမ် မွေ့စွာပြုမှုခြင်းလား။ ရိုင်းစိုင်းအောက် တန်းကျမှုကိုပြသနေတာလားဟု ဆင်ခြင် မိပြီး အမှန်သိစေ၊ မြင်စေချင်ပါသည်။
နိဂုံးချုပ်တင်ပြလိုသည်မှာ စာရေးသူ တို့သည် ယဉ်ကျေးမှုရှိသော လူမျိုးများ ဖြစ်ပါသည်။ အဆင့်အတန်းမြင့်မားသော နိုင်ငံကြီးသားများ ဖြစ်ကြပါသည်။ လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီကျင့်စဉ်များ ကို အပြည့်အဝ အမြင့်မားဆုံးရလိုသော တောင်းဆိုနေသော သူများဖြစ်ကြပါ သည်။
လူ့အခွင့်အရေးထဲမှာ ကိုယ်မကြိုက် သူကို မကြိုက် ပိုင်ခွင့်ရှိပါသည်။ ကိုယ် မကြိုက်သူ မလိုလားသူကို ဘာမှ မဆိုင် သော အကြောင်းအရာအပေါ် ထိခိုက် စော်ကား ပုတ်ခတ် ဆဲဆိုခွင့်တော့ မရှိဟု မြင်မိပါသည်။အားလုံးသော မိတ်ဆွေများ ယဉ်ကျေးမှု ဓလေ့ကျင့်ဝတ်များဖြင့် သွားလာ ပြောဆို လုပ်ကိုင် အောင်မြင် တိုးတက်ကြပါစေ။