images
UN
UN
ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာပကျေးရွာပါတီဆိုင်းဘုတ်တင်တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဝင်းမြင့်ဦး Sunday, 23 February 2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရပ်ကျေးပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဒေါ်အေးမင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ပါတီကော် မတီဝင်ဦးနိုင်ဝင်း၊ ကျောက်တန်း မြို့နယ်ပါတီအတွင်းရေးမှူး ဦးဘို ဘိုလင်း၊ မြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းအေးတို့နှင့်အတူမြို့နယ် ကော်မတီဝင်များ၊ ဒေသခံပါတီဝင် များလိုက်ပါလျက်ကျောက်တန်းမြို့ နယ် တာပကျေးရွာ ပါတီဥက္ကဋ္ဌ ဦးခင်ဦး၏ နေအိမ်ခြံဝင်းအတွင်း၌ ဆိုင်းဘုတ်တင်အခမ်းအနားကိုစည် ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဆက်လက်၍ ကျေးရွာပါတီ ဥက္ကဋ္ဌဦးခင်ဦး၏နေအိမ်၌ တွေ့ဆုံ ဆွေးနွေးပွဲအား ဆက်လက်ပြုလုပ် ခဲ့ကြရာ တက်ရောက်လာသူများက သိလိုသည့် လက်ရှိနိုင်ငံရေးအခြေ အနေများအား မေးမြန်းဆွေးနွေးခဲ့ ကြရာ ဗဟိုကော်မတီမှ ပြန်လည် ရှင်းလင်းခဲ့ပြီး ယင်းတွေ့ဆုံပွဲအား နံနက် ၁၁ နာရီ၌ ပြီးမြောက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တင်ခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ဒေါ်အေး မင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကော်မတီဝင် ဦးနိုင်ဝင်း၊ ကျောက် တန်းမြို့နယ်ပါတီအတွင်းရေးမှူး ဦးဘိုဘိုလင်းနှင့်မြို့နယ်ကော်မတီ ဝင်များ၊ရပ်ကျေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။