images
UN
UN
ပြည်ခိုင်ဖြိုးပါတီက လမ်းပြုပြင်ရန် အလှူငွေပေးအပ် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဥာဏ်ဆောင်(မြစ်သား) Sunday, 23 February 2020

မြစ်သားမြို့နယ် ပျော်ရွာအုပ်စု ဆီဆုံကန်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလွင်မင်းဦးနေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီကလည်းကောင်း၊ ထနောင်းပင်လှကျေးရွာ ပါတီကော်မတီဝင် ဦးဇော်မျိုးချစ်နေအိမ်၌ ယမန်နေ့ နံနက် ၁၁ နာရီကလည်းကောင်း၊ ကျောက်ဆည်ခရိုင်ပါတီ အတွင်းရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမြင့် တို့က ယခင်၊ ယခု နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအားနိုင်းယှဉ်ကာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ရိုးကန်ကျေးရွာအုပ်စု တောင်တွင်းကျေးရွာ ဘုန်း တော်ကြီးကျောင်းအဝင်လမ်းပြုပြင်ရန်အလှူငွေအား လူငယ်တာဝန်ခံ ဦးချစ်ဝိုင်းနေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်က ပေးအပ်လှူဒါန်းရာ ပါတီကော် မတီဝင် ဦးဇော်လင်းက လက်ခံရယူခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင် ပါတီအတွင်း ရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေး မှူး ဦးဝင်းမြင့်၊ နယ်မြေတာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဦးÓဏ် ဆောင်၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ ပါတီဝန်းရံသူများ တက်ရောက်ကြောင်း သိရသည်။