images
UN
UN
ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေးကျင်းပ
ဘိုဘို(ရန်ကုန်) Sunday, 23 February 2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်အရှေ့ပိုင်း ခရိုင် ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗိုလ်တထောင်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်က ရွေးကောက်ပွဲ အောင်နိုင်ရေးမဲရုံအလိုက် လူဦးရေ စာရင်း၊ မဲပေးနိုင်သူစာရင်းများကို မြေပုံနှင့်တကွရှင်းလင်းတင်ပြခြင်း၊ Media အဖွဲ့များ ပိုမိုကျစ်လျစ်ခိုင် မာရေးလုပ်ငန်းစဉ်များ ရှင်းလင်း ခြင်း၊ ပါတီဝင်အင်အားတိုးတက် ရေးလုပ်ငန်းများ ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်များမှ လည်း မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ အား တင်ပြ၍ အစည်းအဝေးကို ညနေ၄နာရီတွင်ပြီးမြောက်ခဲ့သည်။
အစည်းအဝေးသို့ ခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုးနှင့်ခရိုင်ကော်မတီဝင်များ မြို့နယ်၁၄ခုမှ ဥက္ကဋ္ဌ၊ အတွင်းရေး မှူးနှင့် Mediaတာဝန်ခံများတက် ရောက်ကြကြောင်း သိရသည်။