images
UN
UN
လှည်းကူးမြို့နယ် ဂွေးတောက်အိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ရပ်မိရပ်ဖများ ပါတီဝင်များနှင့်တွေ့ဆုံ
ချမ်းမြအေး(လှည်းကူး) Sunday, 23 February 2020

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှည်းကူးမြို့နယ် ဂွေး တောက်အိုင်ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၏ နေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ် ကို မြောက်ပိုင်းခရိုင် ပါတီကော် မတီဝင် လှည်းကူးမြို့နယ်တာဝန်ခံ ဒေါ်ချမ်းမြအေး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြတ်စိုး၊ ပါတီအောင်နိုင် ရေးကော်မတီဝင် ဦးစောအမောင် နှင့် ရပ်ကျေးဥက္ကဋ္ဌ ဦးသိန်းထွန်း အေးတို့က ပါတီဆိုင်းဘုတ်သစ်ကို အမွှေးနံ့သာများပက်ဖျန်းကာ စိုက် ထူခဲ့ကြသည်။
အဆိုပါ ဆိုင်းဘုတ်သစ်တင် ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ချမ်းမြအေး က အဖွင့်အမှာစကားပြောကြားရာ တွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်အမျိုး ဘာသာသာသနာကာကွယ်ရေးနှင့် တောင်သူလယ်သမားများ၏ ဘဝ တိုးတက်မြင့်မားရေး၊ မိမိတို့ ပြည် ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် ရပ်ကွက်ပါတီဝင်များအနေဖြင့် ကြိုးစားဆောင်ရွက်ကြရန် ဆွေး နွေးမှာကြားခဲ့ပြီး ပါတီအောင်နိုင် ရေးအတွက် လူငယ်နှင့်အမျိုးသမီး များဘက်မှလည်း တတ်နိုင်သော ဘက်က ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပြီး နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြတ် စိုးက တက်ရောက်လာသော ရပ်မိ ရပ်ဖများနှင့်ပါတီဝင်များ၏ သိလို သည်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။