images
UN
UN
စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲကျင်းပ
စစ်ကြည်(စလင်း) Sunday, 23 February 2020

မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင် စလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး၌ အမျိုးသမီးရေးရာ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁ဝနာရီ က ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်သီချင်း ကို ပြိုင်တူရွတ်ဆို၍ အခမ်းအနား ကိုစတင်ဖွင့်လှစ်သည်။ဆက်လက် ၍ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာကံဇော်(ငြိမ်း)က နှုတ် ဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍မကွေးတိုင်းဒေသ ကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်လှကမိတ်ဆက်စကား ပြောကြားသည်။ စလင်းမြို့နယ် အမျိုးသမီးရေးရာတွေ့ဆုံပွဲကို အစီ အစဉ်အရ ကျင်းပကြသည်။ အမျိုး သမီးရေးရာတွေ့ဆုံပွဲသို့ တိုင်းအမျိုး သမီးရေးရာတာဝန်ခံဒေါ်ယဉ်ယဉ်လှ၊ တွဲဖက်တာဝန်ခံ ဒေါ်သဇင်အောင်၊ စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင်ဦးခင်မောင်လွင်၊ ပါတီဥက္ကဋ္ဌဦးဝင်းမြိုင်၊အတွင်းရေးမှူး ဦးဇော်နိုင်၊ဘဏ္ဍာရေးမှူးဒေါ်နွယ် နီနိုင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြသည်။ အမျိုးသမီး ရေးရာတွေ့ဆုံပွဲသို့ စလင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံ အားပေးကြသည့် အမျိုးသမီး၁၅ဝ ကျော်တက်ရောက်ခဲ့ကြပြီး အခမ်း အနားကို မွန်းလွဲ ၁ နာရီ ၁၅မိနစ် ၌ ပြီးမြောက်ခဲ့ကြောင်း သိရသည်။