images
UN
UN
အမေရိကန်ထံမှ အကူအညီများပိုမိုရယူရန် လစ်ဗျားအစိုးရကြိုးပမ်း
Sunday, 23 February 2020

လစ်ဗျားအစိုးရသည် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများထံမှ စစ်ရေးနှင့်ဆိုင်သော အကူအညီများပိုမိုရယူရန် ကြိုးပမ်းလျက်ရှိကြောင်း ရုရှားတိုင်းမ်သတင်းဌာနကဖော်ပြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါသည် အာဖရိကနိုင်ငံ များ၌ အမေရိကန်၏ စစ်ရေးနှင့်ဆိုင်သောလုပ်ဆောင်ချက်များတိုးမြှင့် ဖွယ်ရှိကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုထားသော လစ်ဗျားအစိုးရသည် အမေ ရိကန်နှင့် မဟာမိတ်များထံမှ စစ်ရေးနှင့်ဆိုင်သောအကူအညီများပိုမိုရယူ ရန်ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။ လစ်ဗျားအစိုးရသည် လက်ရှိအချိန်၌ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဟက်ဖ်တာဦးဆောင်သည့် အရှေ့ပိုင်းတပ် များ၏ ထိုးစစ်ဆင်မှုများကြောင့် အထိနာမှုများနှင့် ကြုံတွေ့လျက်ရှိသည်။ ရုရှားနှင့်တရုတ်နိုင်ငံများက အာဖရိကနိုင်ငံများအား ပစ်မှတ်ထားသည့် စီမံကိန်းများကို ပိုမိုဖော်ဆောင်လာခဲ့ခြင်းကလည်း အမေရိကန်အနေဖြင့် အာဖရိကနိုင်ငံများ၌ စစ်ရေးနှင့်ဆိုင်သော လုပ်ဆောင်ချက်များပိုမိုပြုလုပ် ရန်တွန်းအားပေးသကဲ့သို့ဖြစ်ခဲ့သည်။ NG(Ref; RT)