images
UN
UN
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လာ၍ တောင်ကိုရီးယားတွင် အနီရောင်အဆင့်သတ်မှတ်ဆောင်ရွက်
Sunday, 23 February 2020

တောင်ကိုရီးယားနိုင်ငံအတွင်း၌ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လာ ခြင်းကြောင့် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကာ အနီရောင်အဆင့်သို့မြှင့်တင်၍ ကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းစဉ်များ ကိုလုပ်ဆောင်လျက်ရှိကြောင်းရိုက်တာသတင်း ဌာနကဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံအတွင်း၌ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၉ ဦးတိုးပွားလာ ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆ဝ၂ ဦးအထိရှိလာခဲ့ပြီးနောက်တွင် အနီရောင် အဆင့်သို့ပြောင်းလဲသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတ မွန် ဂျေးအင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွား မှုများကို ထိန်းချုပ်ရန်အတွက် အရေးပေါ် အခြေအနေသတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကာ ပြည်သူများအနေဖြင့် ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုများဖြစ်ပွားလျက်ရှိသည့် မြို့များတွင် အထူးဇုန်များသတ်မှတ်ကာ ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုများထပ်မံမဖြစ်ပွားအောင် ကြိုးပမ်း လျက်ရှိသည်။ တောင်ကိုရီးယားသည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများဖြစ်ပွားနေသည့် နိုင်ငံများထဲတွင် တရုတ်နိုင်ငံပြီးလျှင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာခြင်းကြောင့်အနီရောင်အဆင့်သတ်မှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
NG(Ref; Reuters)