images
UN
UN
သုံးထပ်နှင့်အထက် အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက မီးသတ်ဦးစီးဌာနသို့ဆက်သွယ်၍ အကြံဥာဏ်များရယူ ဆောက်လုပ်သင့်ဟုဆို
မောင်စိန်ဝင်း Sunday, 23 February 2020

နိုင်ငံအတွင်းရှိ ပြည်သူများ လုံခြုံ စိတ်ချနိုင်စေရန်အတွက် အဆောက်အအုံများဆောက်လုပ်ရာ တွင်သုံးထပ်နှင့်အထက်အဆောက် အအုံများကို ဆောက်လုပ်မည်ဆိုပါ က မီးသတ်ဦးစီးဌာနသို့ ဆက် သွယ်၍ အကြံÓဏ်များရယူကာ အဆောက်အအုံများကို ဆောက် လုပ်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ညွှန် ကြားရေးမှူး ဦးမျိုးဝင်းက အကြံ ပြုပြောကြားသည်။
''နေထိုင်မယ့်အိမ်ဆိုတာ နား ခိုရာနေရာဖြစ်နေတာဆိုတော့ တိုက် တာအဆောက်အအုံများ ဆောက် လုပ်တော့မယ်ဆိုရင် ဆောက်လုပ် မယ့်ကန်ထရိုက်တာအပါအဝင် နေ ထိုင်ကြမယ့်ပြည်သူများအားလုံး အနေနဲ့ ကျွန်တော်တို့မီးသတ်ဦးစီး ဌာနကိုဆက်သွယ်ပြီး အကြံဥာဏ် များရယူပါလို့ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က မီး လောင်မှုဖြစ်စဉ်ကို ကြည့်မယ်ဆို ရင်လည်း ကလေးကအိမ်နောက် ဖေးမှာပိတ်မိနေတဲ့ပုံစံဖြစ်နေပြီး အိမ်အပြင်ကို ထွက်မရဘူးဖြစ်နေ တာပေါ့။ထုတ်ရမယ့်အပေါက်က သေးနေတာဆိုတော့ မီးသတ်တပ် ဖွဲ့ဝင်တွေအနေနဲ့ ကလေးကိုကယ် ထုတ်လို့မရဘူးဖြစ်နေတော့ကလေး တွေရှိတဲ့နေရာကို မီးသတ်တပ်ဖွဲ့ တွေကအားနဲ့အင်နဲ့ဝင်ပြီး အတင်း ဝင်ခဲ့ရတာပေါ့နော်။ ဒါပေမဲ့ ကယ် ဆယ်ချိန်တောင်မရလိုက်ပါဘူး။ သူတို့လည်းလွတ်ရာလွတ်ကြောင်း ပြေးကြတာပါပဲ။ နောက်ဆုံးပြေး လို့မရတော့ဘဲပိတ်မိပြီး သေဆုံး တာဆိုတော့ မကောင်းဘူးပေါ့။ ချောင်ပိတ်မိတာက တစ်ခန်း၊ သေဆုံးတာကသုံးဦးဖြစ်နေတယ်။ တကယ်လို့တိုက်အနောက်ဘက်မှာ သာလှေကားရှိခဲ့မယ်ဆိုရင်သုံးဦး စလုံးထွက်လို့ရမှာဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ တစ် ဖက်ကလည်း မီးငြှိမ်းသတ်ရေးကို လုပ်ဆောင်ရင်းမီးကို အပြီးဖြတ်ရ ပြီး ကျန်တစ်ဖက်မှာလည်း ကယ် ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင် နေရတာပါ။ဒါကြောင့်မို့အဆောက် အအုံများဆောက်လုပ်မယ်ဆိုရင် ဘယ်လိုပုံစံဆောက်လုပ်မလဲဆို တာကို မီးသတ်ဦးစီးဌာနနဲ့တွေ့ ဆုံတိုင်ပင်ပြီးမှ ဆောက်လုပ်ပါလို့ အကြံပေးချင်ပါတယ်''ဟု ရန်ကုန် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးမျိုးဝင်းကပြော သည်။
နေအိမ်မီးလောင်မှုဖြစ်ပွားပါ က နေအိမ်အတွင်းရှိ မီးလောင် ကျွမ်းမှုလွယ်ကူသည့် မွေ့ရာများ နှင့် ဖယောင်းပုဆိုးများကို အထူး ဂရုစိုက် သတိထားသင့်ကြောင်း၊ မွေ့ရာနှင့် ဖယောင်းပုဆိုးများမီး လောင်ကျွမ်းပါက မီးခိုးအထွက် များသဖြင့် မီးခိုးနံ့ရှူရှိုက်မိသည့် မီးခိုးမွှန်သူမှာ မီးခိုးငွေ့ကြောင့်သုံး မိနစ်အတွင်း သတိလစ်နိုင်ပြီး ငါးမိနစ်အတွင်းအသက်သေဆုံးနိုင် ကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက လည်း မီးသတ်ဦးစီးဌာနသို့အမြန် ဆုံးဆက်သွယ်၍ ချက်ချင်းသတင်း ပေးပို့ရန်လိုအပ်ကြောင်း၊ ထိုသို့ ချက်ချင်းသတင်းပေးပို့မှသာလျှင် မီးလောင်မှုကိုထိန်းချုပ်နိုင်မည်ဖြစ်၍ အမြန်ဆုံးမီးငြှိမ်းသတ်နိုင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီး ဌာနမှထုတ်ပြန်ချက်များအရ သိရ သည်။