images
UN
UN
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရှင်မတောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်၏ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီတက်ရောက်လှူဒါန်း
စိုးမိုး(ဒဂုံ-အရှေ့) Sunday, 23 February 2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ် မြို့ပါတီ ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ရပ်ကွက်ပါတီ ဥက္ကဋ္ဌနှင့် ပါတီ ဝင်များသည် ယနေ့ နံနက်ပိုင်းက အမှတ်(၁၅၆)ရပ်ကွက် ရှင်မ တောင်ကျောင်းတိုက်၌ ပြုလုပ် သည် ဂုဏဝိသိဋ္ဌပူဇာ အလှူတော် မင်္ဂလာအခမ်းအနားသို့ တက် ရောက်ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ နံနက် ၉ နာရီ တွင် အခမ်းအနားအား နမော တဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး ဆရာတော် သံဃာတော်များက ဧည့်ပရိသတ် များအား ငါးပါးသီလတရားမြွက် ကြားချီးမြှင့်သည်။ ထို့နောက် မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြင့်ခိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ဥက္ကဋ္ဌဒေါ်သောင်းရီနှင့် ကော်မတီ ဝင်များသည် အမှတ် (၁၅၆) ရပ်ကွက် ရှင်မတောင်ကျောင်း တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဓိရာဝံသအား ဖူးမြော်ကြည် ညို၍ အိန္ဒိယနိုင်ငံ၊ မ-ဂ-ဓ တက္ကသိုလ်မှ M.A,Ph.Dဘွဲ့ရရှိ တော်မူသော ဒေါက်တာ အရှင် ဇာဂရအား ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန် တိုင်းဒေသကြီးတိုင်းပါတီအတွင်း ရေးမှူး ဒေါက်တာကျော်စိုး နှင့်ဇနီး၊ အရှေ့ပိုင်းခရိုင် ခရိုင်ပါတီ ကော်မတီဝင် ဒေါ်လဲ့လဲ့အေး မိသားစုနှင့် မြို့နယ်ပါတီကော်မတီ တို့က ဆက်ကပ်သောလှူဖွယ် ဝတ္ထုများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ဆက်ကပ်သော လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြရာြ<ွက ရောက်လာကြသော ဆရာတော် သံဃာတော်များ၊ ဧည့်ပရိသတ် များက ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်ခေါ်ဆိုချီးမြှင့်ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြပြီး နံနက် ၁၁ နာရီတွင် ဂုဏဝိသိဋ္ဌပူဇာ အလှူတော်မင်္ဂလာ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့ ကြောင်း သိရသည်။