images
UN
UN
ရွှေတောင်ကြီးဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အလှူငွေလှူဒါန်း
အောင်မြတ်လင်း(ဝေါ) Sunday, 23 February 2020

ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်သပြေကန်ကျေးရွာအုပ်စုကမ်းကြီး ဆိပ်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင်လမ်းဘေး၌ အသစ်တည်ထား ကိုးကွယ်လျက်ရှိသော ရွှေတောင်ကြီးဆုတောင်းပြည့်စေတီတော် မြတ်ကြီးအား ယနေ့နံနက်ပိုင်းကဝေါမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စေတီတော်မြတ်ကြီးအတွက်အလှူငွေကျပ် တစ်သိန်းကို အလှူ့ဒါယကာကြီးဦးမောင်မောင်မြင့်အား ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)ဦးအောင်နိုင်၊ ပဲခူးခရိုင်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးကျော်ဇာနှင့် မြို့နယ်ကော်မတီဝင် ဦးသောင်းထွန်း၊ ဒေါ်ဝင်းပပထွန်း၊ မြို့နယ်ကော်မတီဝင်ပါတီနယ် မြေခံဦးမျိုးလွင်ဦးတို့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအသစ်တည်ထားကိုးကွယ်လျက်ရှိသော ရွှေတောင်ကြီး ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအားအလှူဒါယကာကြီးဦး မောင်မောင်မြင့်ဦးဆောင်ကာရဟန်းရှင်လူပြည်သူအပေါင်း၏စု ပေါင်းအားနှင့်ဥာဏ်တော် ၁ဝ၈ ပေရှိသည့်ရွှေတောင်ကြီးဆုတောင်း ပြည့်စေတီတော်မြတ်ကြီးကိုတည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။
စေတီတော်မြတ်ကြီးယာဉ်ပြင်တော်၌ ယနေ့မှမတ်လ၁ရက်အထိ တရားဓမ္မပူဇာသဘင်ကျင်းပသွားမည်ဖြစ်ပြီးယနေ့တွင်ဘဒ္ဒန္တသူရိယ (ဓမ္မစရိယဆရာတော်)၊ယခုလ၂၄ရက်နေ့အရှင်သေဇနိယ(နတ်မောက် ဆရာတော်)၊ ယခုလ၂၅ရက်တွင် တွံတေးအရှင်ဣန္ဒက ဆရာတော်၊ ယခုလ၂၆ရက်တွင် အရှင်ပညာဝရဓမ္မဒူတဆရာတော်၊ ၂၇ရက်တွင် အရှင်နန္တောဘာသဘိဝံသနိုင်ငံတော်(၁၁)ဘွဲ့ရ ကျိုက်ထိုဆရာတော်၊ ၂၈ရက်တွင် ဦးဇောတိကာလင်္ကာရဆရာတော်၊ ၂၉ရက်တွင် ဦးသီလာစာရအောင်မင်္ဂလာကျောင်းကျိုက်ထိုဆရာတော်နှင့်မတ်၁ရက် တွင် ဘဒ္ဒန္တသောဘိတကမ်းကြီးဆိပ်ကျောင်းဆရာတော်ကြီးများက တရားဓမ္မများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။