images
UN
UN
ဒဂုံ(တောင်)ပြည်ခိုင်ဖြိုးပါတီ For The People ဆိုင်းဘုတ်စိုက်ထူ ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ
ဇော်မင်းထွန်း(ဒဂုံတောင်) Sunday, 23 February 2020

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် ပါတီရုံး ဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီ မင်္ဂလာအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ၏ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပွဲ ကျင်းပခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်လာသော ပါတီဝင် အသစ်များ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲ အထိ ဒဂုံ(တောင်)မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော် သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီး နောက် ပြည်ခိုင်ဖြိုးပါတီဗဟို ကော်မတီဝင် ဒေါ်စန်းစန်းဝင်း (ရန်ကုန်တိုင်း အမျိုးသမီးရေးရာ တာဝန်ခံ)က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် ပါတီဗဟိုကော်မတီ ဝင် ဒေါ်စန်းစန်းဝင်း၊ ခရိုင်ပါတီ ဘဏ္ဍာရေးမှူးဦးဝဏ္ဏမျိုး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ ပါတီအတွင်းရေးမှူးဦးထွန်းလွင် တို့က ပါတီဝင်အသိအမှတ်ပြု ကတ်ပြားများကို အသီးသီးပေး အပ်ခဲ့ကြပြီး ပါတီဝင်တစ်ဦးဖြစ်သူ ဆရာဦးညီညီနိုင်က ပါတီဝင် ရခြင်းရည်ရွယ်ချက်ကို တက် ရောက်လာသူများအား ရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ဒေါ်စန်း စန်းဝင်း၊ ခရိုင်ဘဏ္ဍာရေးမှူးဦး ဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ် စမ်းစမ်းဌေး၊ ပါတီအတွင်းရေးမှူး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ အမျိုး သမီးထု၊ လူငယ်ထုပါတီဝင်များ၊ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ယနေ့ကျင်းပသောအခမ်းအနား တွင် ဒဂုံ(တောင်)ပြည်ခိုင်ဖြိုးပါတီ သို့ ပါတီဝင်အသစ် ၅၁ဝ နှင့် အမျိုးသားရေးအဖွဲ့မှ၉ဝ စုစုပေါင်း ပါတီဝင်အသစ် ၆ဝဝ တို့သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာ ခဲ့ကြောင်း သိရသည်။