images
UN
UN
ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ပညာဘဏ်စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
စိုးလှိုင်(ထီလာ) Sunday, 23 February 2020

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာခရိုင် မိတ္ထီလာမြို့နယ် ညောင် ဇောက်အုပ်စုအနောက်စံပြ ကျေးရွာ တွင် ယနေ့နံနက် ၁ဝ နာရီမှစတင် ၍ ပညာဘဏ်စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် (ငြိမ်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်နှင့်အဖွဲ့သည် ဦးစွာ ညောင် ဇောက်အုပ်စု အနောက်စံပြကျေးရွာ ရွာဦးကျောင်းဆရာတော်ထံ ဖူးမြော် ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်း များလှူဒါန်းသည်။
ထို့နောက် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပ ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်၊ မိတ္ထီလာမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာ မောင်သင်း၊ ဝန်ကြီးချုပ်(ငြိမ်း) ဦးရဲမြင့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး (ငြိမ်း) ဦးမြင့်သန်း၊ မန္တလေးတိုင်း ဒေသကြီးဒေသခံရပ်မိရပ်ဖ ဦးဝင်း မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပါတီဗဟို အတိုင်ပင်ခံ ဦးရဲမြင့်က စာကြည့် တိုက်ဖွင့်လှစ်ပေးရခြင်း၏ ရည် ရွယ်ချက်ကို ရှင်းလင်းပြောကြား ခြင်း၊ စာအုပ်များပေးအပ်လှူဒါန်း ပေးခြင်းများဖြင့် ကျင်းပခဲ့သည်။
ပညာဘဏ် စာကြည့်တိုက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတိုင်းပါတီအတွင်းရေးမှူး မဲဆန္ဒနယ်မြေ-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင် ကျော်မိုးနှင့် ဇနီးဒေါ်ချယ်ရီစိုးသိမ်း တို့က ဦးဆောင်၍ ၂ဝ၁၁- ၂ဝ၁၆ ခုနှစ်ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (ငြိမ်း)နှင့် ဝန်ကြီး(ငြိမ်း)များက အလျားပေ၈ဝ၊အနံ၂၆ပေ၊ စတီးလ် နံကပ် တစ်ထပ်အဆောက်အအုံကို လှူဒါန်းကြောင်း သိရသည်။
အဆိုပါ ပညာဘဏ်စာကြည့် တိုက်ဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသ ကြီးဥက္ကဋ္ဌဦးဝင်းမောင်၊ ဗဟိုပါတီ အလုပ်အမှုဆောင် ဒေါက်တာမောင် သင်း၊ ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် (ငြိမ်း)ဦးရဲမြင့်၊ လယ်ယာနှင့် ဆည် မြောင်းဝန်ကြီး(ငြိမ်း) ဦးမြင့်သန်း၊ ဆောက်လုပ်ရေးဝန်ကြီး(ငြိမ်း) ဦးကျော်ဆန်း၊စက်မှုလက်မှုဝန်ကြီး (ငြိမ်း)ဦးကျော်မြင့်၊ တိုင်းပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးစိုးသန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဖိုးÓဏ်၊ ဦးချစ်ထွေးနှင့် မြို့နယ်ကော်မတီ ဝင်များ၊သာစည်၊မလှိုင်၊ဝမ်းတွင်း မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ကော်မတီဝင် များ၊ ရပ်ကျေးပါတီဝင်များ တက် ရောက်၍ ပညာဘဏ်စာကြည့် တိုက်ကို အောင်မြင်စွာဖွင့်လှစ်ပြီးစီး ကြောင်း သိရသည်။