images
UN
UN
ဝီလျံအားရရှိရန် ဘာစီလိုနာနှင့်အပြိုင် ပီအက်စ်ဂျီကြိုးစားလာ
Monday, 06 April 2020
ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းသည် ချဲလ်ဆီးတောင်ပံ ကစားသမား ဝီလျံအားရရှိရန် ဘာစီလိုနာ အသင်းနှင့်အပြိုင် ကြိုးစားမှုများပြုလုပ်နေပြီဖြစ် ကြောင်း သိရသည်။ အသက် ၃၁ နှစ်ရှိပြီဖြစ်သော ဝီလျံသည် ၂ဝ၁၃ ခုနှစ်ကတည်းက ချဲလ်ဆီးသို့ ရောက်ရှိနေခဲ့သူဖြစ်သည်။ သို့သော် ၄င်း၏စာချုပ်သက်တမ်းမှာ ယခု ရာသီအကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ဘာစီလိုနာသည် ဝီလျံ အားခေါ်ယူရန်အတွက် ပြီးခဲ့သော ဘောလုံးရာသီကတည်းက ကြိုး စားနေခဲ့ခြင်းဖြစ်သည်။ လာမည့် အပြောင်းအရွှေ့ကာလတွင် ကော် တင်ဟိုအား ပြန်လည်ရောင်းချ တော့မည့်ဘာစီလိုနာသည် ဝီလျံ နှင့်အစားထိုးရန် ပစ်မှတ်ထားနေ ခြင်းဖြစ်သည်။
သို့သော် ပီအက်စ်ဂျီအသင်း ကလည်း ဝီလျံ၏အခြေအနေကို စောင့်ကြည့်နေပြီး ချဲလ်ဆီးနှင့်စာ ချုပ်သစ် မချုပ်ဆိုနိုင်ပါက ခေါ်ယူ ရေးကို ကြိုးပမ်းမည်ဖြစ်သည်။ ဝီလျံအား ချဲလ်ဆီးက နှစ်နှစ်စာ ချုပ်ဖြင့် ကမ်းလှမ်းမှုလုပ်ခဲ့သော် လည်း ကစားသမားက သုံးနှစ် စာချုပ်ချုပ်ဆိုလိုခြင်းကြောင့်အဆင် မပြေခြင်းလည်းဖြစ်သည်။ ဝီလျံ သည် ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၃၂၉ ပွဲတွင် ၅၉ ဂိုးသွင်းယူကာ ၅၉ ဂိုးဖန်တီးပေးထားနိုင်သူဖြစ် သည်။Ref; Mundo Deportivo