images
UN
UN
တနင်္သာရီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ COVID-19 စောင့်ကြည့်လူနာအတွက် ထောက်ပံ့ငွေများလှူဒါန်း
ဖြူမျိုး(တနင်္သာရီ) Monday, 06 April 2020

တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးထင်ပေါ် ဦးဆောင်မှုနှင့်အတူပါတီကော်မတီဝင်များ လိုက်ပါ၍ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက တနင်္သာရီမြို့နယ် COVID-19 ကူးစက် ရောဂါကြိုတင်ကာကွယ်ရေး ထိန်းချုပ် စခန်းသို့သွားရောက်၍ စောင့်ကြည့်ခံလူနာ အတွက် အလှူငွေများ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့ မြိုနယ်ခန်းမ၌ ယာယီ ဖွင့်လှစ်ထားရှိသော COVID-19 ကူး စက်ရောဂါကြိုတင်ကာကွယ်ရေးထိန်းချုပ် စခန်းတွင် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် မတ် ၂၆ ရက်နောက်ပိုင်း မြန်မာနိုင်ငံအတွင်း သို့ တစ်ဖက်နိုင်ငံမှရောက်ရှိလာကြသူ များအား စောင့်ကြည့်လူနာအဖြစ် စောင့် ကြည့်ထိန်းချုပ်ထားရှိရန် သတ်မှတ်ထုတ် ပြန်ထားရှိသည့်အပေါ် သတ်မှတ်ထား သည့် ရက်ကျော်လွန်၍ ယခုလ ၃ ရက် တွင် တစ်ဖက်နိုင်ငံက မြဝတီ လမ်းမှတစ် ဆင့် တနင်္သာရီမြို့သို့ ရောက်ရှိလာသော တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် နေထိုင် သူ မောင်စိုင်းမင်းခန့် (၁၆နှစ်)သည် COVID-19 ကူးစက်ရောဂါစောင့်ကြည့် ရေး ထိန်းချုပ်စခန်းတွင် စောင့်ကြည့်လူနာ အဖြစ် ၁၄ ရက်တိတိ စောင့်ကြည့်ခံရမည် ဖြစ်သည့်အတွက် ¤င်းအားအစားအသောက် အဆင်ပြေစေရန်အတွက် မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးသန်းမြင့်၊ ပါတီအတွင်း ရေးမှူး ဦးသန်းနိုင်၊ မြို့နယ်ပါတီ ကော် မတီဝင်များနှင့် မြို့နယ်ရုံးဦးစီးအဖွဲ့တို့က ကူးစက်ရောဂါစောင့်ကြည့်ရေး ထိန်းချုပ် စခန်းသို့ သွားရောက်၍ စောင့်ကြည့်ခံ လူနာအတွက် အလှူငွေများ ထောက်ပံ့ပေး အပ်လှူဒါန်းခဲ့ကြောင်း သိရသည်။