images
UN
UN
အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ COVID-19 စောင့်ကြည့်လူနာများအတွက် လှူဒါန်းမှုများပြုလုပ်
ကျော်စွာထွန်း Monday, 06 April 2020
အင်းတော်မြို့အထကကျောင်းဝင်းရှိ COVID-19 စောင့်ကြည့်လူနာ ထိန်းချုပ် ရေးစခန်းသို့ အင်းတော်မြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်သူသူဇင် ဦးဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေး ပါတီအဖွဲ့ဝင်များနှင့် လူငယ်ပါတီဝင် များက ယနေ့ တစ်ရက်တာ (နံနက်စာ+ ညစာ) ထမင်းဘူးများကို သွားရောက်လှူ ဒါန်းခဲ့ကြသည်။
ထို့ပြင် မြို့နယ်အတွင်းဖွင့်လှစ်ဆောင် ရွက်လျက်ရှိသော COVID-19 ထိန်းချုပ် စစ်ဆေးရေးဂိတ် အင်းတော်နှင့် နဘားဂိတ် တို့တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၊ ဘော်လန်ဒီယာ လူငယ်များ ကိုလည်း အချိုရည်ဘူးများ ဝေငှခဲ့ကြပြီး အဆိုပါစစ်ဆေးရေးဂိတ်နှစ်ခုတွင်လည်း တာဝန်ကျသူများနှင့်အတူ မိမိတို့ ပါတီဝင် များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်အတွင်းရှိ ကျေး ရွာများတွင် လက်ခံဆောင်ရွက်လျက်ရှိ သော COVID-19 စောင့်ကြည့်လူနာထိန်း ချုပ်ရေးစခန်းများသို့ အချိုရည်ဘူး၊ Mask၊ ဆပ်ပြာနှင့် လက်ဆေးရည်များကိုလည်း သွားရောက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။