images
UN
UN
တာချီလိတ်မြို့တွင် ပထမဦးဆုံး ၁၄ ရက်ကြာ COVID-19 သံသယလူနာနှင့်စောင့်ကြည့် လူနာ ၉၂ ဦးကို နေရပ်သို့ ပြန်လည်စေလွှတ်
Monday, 06 April 2020
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မတ် ၂၃ ရက် က ထိုင်းနိုင်ငံနေရာဒေသ အသီးသီးမှ တရားမဝင်မြန်မာနိုင်ငံသား များ ၉၂ ဦး သံသယလူနာနှင့် စောင့်ကြည့်လူနာအဖြစ် ၁၄ရက် ကြာစောင့်ကြည့်ပြီးနောက် COVID-19 ဗိုင်းရပ်စ်ပိုး ကင်းရှင်း ကြောင်း သိရှိရသဖြင့် ယမန်နေ့က မိမိတို့ နေထိုင်ရာအရပ်ဒေသများ သို့ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ကဲ့သို့ပြန်လည်ပို့ဆောင်ရာတွင် ၁၄ ရက်ကြာစောင့်ကြည့် ခြင်း၊ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်မှုကင်းရှင်းကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ဆေးရုံအုပ်ကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ပါစာကိုပေးအပ်ပြီး မိမိတို့နေထိုင်ရာဒေသအရောက် စင်းလုံးငှားမော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ လမ်းစရိတ်များကို ထောက်ပံ့ပေးခြင်းနှင့် အခြားလိုအပ်သည်များကိုတာဝန်ရှိပုဂ္ဂိုလ် များက စီစဉ်ပေးခဲ့ကြောင်းသိရသည်။COVID-19 ကြိုတင်ကာကွယ်ရေး တုံ့ပြန်ဆောင်ရွက်မှုနှင့်ထိန်းချုပ်ရေးလုပ် ငန်းစဉ်အနေဖြင့် တာချီလိတ်မြို့သည် ပထမဆုံးအကြိမ်ဖြစ်ပြီး နေထိုင်စား သောက် ကျွေးမွေးစရိတ်နှင့်အခြားဝန် ဆောင်မှုမပါဘဲ နေရပ်ပြန်ခရီးအတွက် မော်တော်ယာဉ်ငှားရမ်းခနှင့် လမ်းခရီး စရိတ်အတွက် မြန်မာငွေကျပ်သိန်း ၈ဝ ကျော်ကုန်ကျခဲ့ကြောင်း ခရိုင်အထွေထွေ စီမံခန့်ခွဲရေးဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထံမှသိရသည်။
၁၄ရက်ကြာစောင့်ကြည့်ကာလအတွင်း သံသယလူနာနှင့်စောင့်ကြည့်လူနာများ၏ နေထိုင်စားသောက်စရိတ်ကို သက်ဆိုင်ရာ ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်အလှူရှင်များကထောက် ပံ့ကျွေးမွေးခဲ့ကြကြောင်း သိရသည်။