images
UN
UN
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နှင့် ဆက်နွှယ်နေသော အရှေ့တောင်အာရှနိုင်ငံများ၏ ပထဝီနိုင်ငံရေးစိန်ခေါ်မှုများ
ပြည့်ဖြိုးနိုင် Monday, 06 April 2020
(ယမန်နေ့မှအဆက်)

အရှေ့တောင်အာရှနိုင်ငံများ၏ အကန့် အသတ်ရှိနေသော တုံ့ပြန်နိုင်စွမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုများအား စနစ် တကျစစ်ဆေးသုံးသပ်မှု ပြုလုပ်ရန် လွယ် ကူမည်မဟုတ်ပါ။ အရှေ့တောင်အာရှ ဒေသအတွင်းရှိ အစိုးရအဆင့်အဖွဲ့အစည်း များကြား၌ အများဆန္ဒကိုသာ အခြေခံ သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် လေ့ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု က ရွေးချယ်သဘောတူညီသည့် လုပ် ဆောင်ချက်များကိုသာ ဦးစားပေးပြုလုပ် လေ့ရှိသည်။ တရုတ်နှင့်ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဖော်ဆောင် လျက်ရှိသော စစ်ဘက်ဆေးပညာဆိုင်ရာ အာဆီယံစင်တာကဲ့သို့ အဖွဲ့အစည်းမျိုးကို အသုံးပြုကာ လိုအပ်သည့်အကူအညီပေး မှုများ ပြုလုပ်ကြသည်။ လက်ရှိအချိန်၌ အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသော ဗီယက်နမ်ကလည်း လိုအပ်သည့် အကူအညီပေးမှုများ ပြုလုပ် ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော နာတာလီ ဂါဝါက အာဆီယံဒေသတွင်းနိုင်ငံများ အနေဖြင့် အရေးပေါ်အခြေအနေများ ကြုံ တွေ့ချိန်၌ ပူးပေါင်းဆောင်ရွက်မှုပြုလုပ် ရမည့် လုပ်ဆောင်ချက်များ ချမှတ်ဖော် ဆောင်ရန်အတွက် အလေးပေးဆောင်ရွက် မှု နည်းပါးခဲ့သည်ဟု ပြောကြားခဲ့သည်။ အာဆီယံဒေသအတွင်း၌ အမေရိကန်နှင့် တရုတ်တို့၏ ပထဝီနိုင်ငံရေးဆိုင်ရာ အား ပြိုင်မှုများ မြင့်တက်လျက်ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ အတွက် အင်အားကြီးနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် ကြိုးပမ်းရာတွင် အမေရိကန်နှင့် တရုတ်တို့၏ အကူအညီ များရယူရေးကို ဦးဆောင်ပေးနေသည့် အနေအထားတွင် ရှိနေသည်။ အမေရိကန် နိုင်ငံအတွင်း၌ ကျင်းပရန် စီစဉ်ထား သော အမေရိကန်-အာဆီယံအထူးအစည်း အဝေးအား နှစ်ဖက်စလုံးက ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ မြင့်တက် နေချိန်၌ အာဆီယံနိုင်ငံများအနေဖြင့် ကန့် သတ်ချက်များ ချမှတ်ခဲ့သော်လည်း လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုများအား တားဆီးရန် ကြိုးပမ်း ရာ၌ တရုတ်နိုင်ငံ၏ အကူအညီများကို ရယူလျက်ရှိသည်။ အဓိကကျသည့် မေး ခွန်းတစ်ရပ်မှာ အရှေ့တောင်အာရှနိုင်ငံ များနှင့် အင်အားကြီးနိုင်ငံများကြားမှ ပူး ပေါင်းဆောင်ရွက်မှုများအပေါ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများက မည် သည့်အပြောင်းအလဲများ ဖြစ်ပေါ်စေမည် နည်းဆိုသော မေးခွန်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု များကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျသွားမည် ဖြစ်သည့်အပြင် အရှေ့တောင်အာရှဒေသ အတွင်း၌ နိုင်ငံရေးအရ လွှမ်းမိုးနိုင်စွမ်းပါ ကျဆင်းသွားဖွယ်ရှိသည်။ သို့သော် အမေရိကန်နှင့် တရုတ်နိုင်ငံကြားရှိ အရှိ တရားများအရ သုံးသပ်ကြည့်လျှင်လည်း ပုံမှန်စွမ်းဆောင်ရည်အောက်သို့ ရောက်ရှိ နေသည်ဟု ဆိုရမည်ဖြစ်သည်။ တရုတ် နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားနေမှုများကို ဟန့်တားရန်အတွက် အကူအညီများ ပေးအပ်ခြင်းဖြင့် တောင် တရုတ်ပင်လယ်အရေးအပါအဝင် အရှေ့ တောင်အာရှဒေသအတွင်း၌ လက်ရှိဖြစ် ပေါ်လျက်ရှိသော အခြေအနေများကို အပြောင်းအလဲဖြစ်စေကာ လွှမ်းမိုးနိုင်စွမ်း မြင့်မားလာနိုင်သည့်ဖြစ်နိုင်ခြေများကိုလည်း ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။
အထူးသဖြင့် အမေရိကန်နိုင်ငံနှင့်တရုတ် နိုင်ငံကြားမှ အားပြိုင်မှုများဖြစ်သည်။ ထို့အပြင် လုပ်ဆောင်နိုင်စွမ်း မြင့်မား သည့် နိုင်ငံများဖြစ်သော ဂျပန်၊ သြစ တြေးလျနှင့် ဥရောပနိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများဘက်မှ ပူးပေါင်းဆောင် ရွက်မှု ပြုလုပ်သည့်နည်းလမ်းဖြင့် အမေ ရိကန်နှင့် တရုတ်နိုင်ငံကြားမှ ပြိုင်ဆိုင်မှု များကို အပြောင်းအလဲဖြစ်အောင် လုပ် ဆောင်ရာ၌ မည်ကဲ့သို့ပါဝင်မည်နည်း ဆိုသော အချက်ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ကြောင့် ပထဝီနိုင်ငံရေးနှင့်ဆိုင်သော စိန် ခေါ်မှုများ ပေါ်ထွက်လာမည့်အလားအလာ များကို မြင်တွေ့နေရပြီဖြစ်သည်။ သို့ သော် ပေါ်ထွက်လာမည့် ပထဝီနိုင်ငံရေး ဆိုင်ရာ စိန်ခေါ်မှုများသည် အရှေ့တောင် အာရှဒေသရှိ တစ်နိုင်ငံချင်းကိုသာမက ဒေသတစ်ခုလုံးအား မည်သည့်အကျိုး သက်ရောက်မှု ဖြစ်ပေါ်စေမည်နည်းဟု သုံးသပ်ကြည့်မည်ဆိုပါက ရှင်းလင်း ပြတ်သားသော အဖြေမျိုးရရှိရန် မလွယ် ကူးသေးပါ။ သို့သော် အာဆီယံနိုင်ငံများ အနေဖြင့် လအနည်းငယ်အတွင်း စတင် ရင်ဆိုင်ရမည့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန် ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထား ရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများသည် အရှေ့တောင်အာရှနိုင်ငံများအား မည် သည့်အသွင်မျိုးဖြင့် ပုံဖော်မှုပြုလုပ်မည် ဆိုသော အချက်ကိုလည်း ထည့်သွင်း စဉ်းစားထားရန် လိုအပ်မည်ဖြစ်သည်။ လာမည့်လပိုင်းများအတွက် ပေါ်ထွက် လာမည့် အပြောင်းအလဲများသည် မည် သည့်လားရာသို့ ဦးတည်ကာ မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာ မည်နည်းဆိုသော မေးခွန်းအတွက် အဖြေ များကို ရှာဖွေကာ လုပ်သင့်လုပ်ထိုက် သည့် ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။
(Ref; The Geopolitics of Southeast Asia's Coronavirus Challenge By Prashanth Para-meswaran)