images
UN
UN
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းမှ ဝယ်ယူထားသည့် လေယာဉ်အသစ်တစ်စင်းရောက်ရှိ
အေးချမ်းပိုပို Sunday, 21 June 2020

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)မှ ဝယ်ယူထား သည့် Airbus A319-112, MSN2446,XY-ALN လေယာဉ် အသစ်သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြောင်း(MAI)၏ ယနေ့သတင်းထုတ်ပြန် ချက်အရ သိရသည်။
(MAI)လေကြောင်းလိုင်းသည် လေယာဉ်အသစ်များကို ထပ်မံ မှာ ယူထားရာ Embraer-E 190 လေယာဉ်လေးစင်းသည် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် တစ်လလျှင်တစ်စင်း နှုန်းဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ Airbus A320 လေယာဉ် အသစ်သုံးစင်းမကြာမီထပ်မံရောက်ရှိလာမည်ဖြစ်ပြီး သြစတြေးလျ နိုင်ငံ ဆစ်ဒနီနှင့်ယူအေအီးနိုင်ငံဒူဘိုင်းလေဆိပ်များအထိ တိုက်ရိုက် ပျံသန်းပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ်တွင် ဘရာဇီးနိုင်ငံထုတ်Embraer လေယာဉ်အသစ် လေးစင်းကိုလည်းထပ်မံမှာယူထားပြီး အဆိုပါလေယာဉ်များ ထပ်မံ ရောက်ရှိလာပါကအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် Airbus ရှစ်စင်း၊Embraer ရှစ်စင်းနှင့်အတူ(MAI)နှင့် အကျိုး တူ ပူးပေါင်းပျံသန်းပြေးဆွဲနေသောAir KBZ မှATR 72-600 ရှစ်စင်းအပါအဝင်စုစုပေါင်း ၂၄စင်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။