images
UN
UN
တစ်နာရီအတွင်း မြေငလျင် နှစ်ကြိမ်လှုပ်ခတ်
ဝိုင်ဝိုင် Sunday, 21 June 2020

မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ ယနေ့ညနေ တိုင်းတာချက်အရ အချိန်တစ်နာရီ အတွင်း မြေငလျင်နှစ်ကြိမ် လှုပ် ခတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ညနေ ၄ နာရီ မိနစ် ၄ဝ ၁၅ စက္ကန့်တွင် ညောင်ဦး မြေငလျင်စခန်းမှ မြောက်အနောက် မြောက်ဘက် ၄၇ မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ပုလဲ မြို့၏ တောင်-အရှေ့တောင်ဘက် လေးမိုင်ခန့်အကွာ)၊
မြောက်လတ္တီတွဒ် ၂၁ဒသမ ၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ၈၉ ဒီဂရီ၊ အနက် ၇၈ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်ျ)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ သည်။
ဆက်လက်၍ ညနေ ၅နာရီ ၁၆မိနစ်၂၆စက္ကန့်တွင်တမူးမြေငလျင် စခန်းမှ အနောက်တောင်ဘက် ၇၆ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Myanmar- India Border Region)၊ မြောက်လတ္တီတွဒ် ၂၃ဒသမ၉၂ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၃ဒသမ၁၅ ဒီဂရီ၊ အနက် ၄၅ကီလိုမီတာကိုဗဟိုပြု၍အင်အား ရစ်(ခ်ျ)တာစကေး ၅ဒသမ၂အဆင့် ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။