images
UN
UN
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား AA အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်
WT Sunday, 21 June 2020

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယခုလ ၁၉ ရက် နံနက် ၅နာရီခန့်တွင် ကျောက် ဆိပ်ကျေးရွာ၏ အနောက်တောင် ဘက် မီတာ ၁ဝဝဝခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် စတင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက် သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်း ကျန်းသူများထံမှ ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် အလောင်း တစ် လောင်း၊ အားကစားအင်္ကျီနှင့် ဘောင်းဘီ ဝတ်ဆင်ထားသည့်အလောင်းတစ်လောင်း၊M-22 သေနတ်တစ်လက်၊ ယင်း ကျည် အိမ် သုံးခု၊ ကျည်တောင့် ၄ဝ၊ M-22 သေနတ်တစ်လက်၊ ယင်းကျည်အိမ်နှစ်ခု၊ ကျည်တောင့် ၃ဝ၊ လက်ပစ်ဗုံးတစ်လုံးတို့ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သည်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အနေဖြင့် ကျေးရွာများအတွင်း အရပ်သား အသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ် ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း များ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဒေသနယ်မြေတည်ငြိမ်အေး ချမ်းရေး၊ နယ်မြေလုံခြုံရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။